နေပြည်တော်၊ ဇန်နဝါရီ ၁၃  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် Voice of the South Summit ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။

       နေပြည်တော်၊ ဇန်နဝါရီ ၁၁  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို  ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀) ထိတို့ အားတင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင

နေပြည်တော်၊ ဇန်နဝါရီ ၁၀    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ အာဆီယံ-ဂျပန်စင်တာ၏ ကူညီပံ့ပိုးမှုဖြင့် ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းများနှင့်အညီ မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ထုတ်လုပ်တင်ပို့ရောင်းချမှု မြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

        ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ‌ရွှေမဲဆိပ်ကမ်း၌ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဘင်္ဂလားးဒေ့ချ်နိုင်ငံ သို့ ဆန်တင်ပို့မှုအခြေအနေအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေးခဲ့ရာ ဆိပ်ကမ်းမှ တာဝန်ရှိသူများက ဆန်တင်ပို့မှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌက ဘင်္ဂလားးဒေ့ချ်နိုင်ငံသို့ စုစုပေါင်းဆန်တန်ချိန် နှစ်သိန်း တင်ပို့ရမည့်အပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

         စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် အခွင့်အရေးအမျိုးအစား (၂) မျိုးရှိပါသည်။ ၎င်းတို့မှာ စာပေ နှင့် အနုပညာမူပိုင်ခွင့် (Copyright) နှင့် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ဟူ၍ ဖြစ်ပါသည်။ စာပေ သို့မဟုတ် အနုပညာများကို ဖန်တီးသည့် မူလလက်ရာရှင်များသည် စာပေနှင့် အနုပညာမူပိုင်ခွင့် (Copyright) ရရှိပြီး အနုပညာလက်ရာများကို အများပြည်သူထံသို့ ရောက်ရှိစေရန် ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများသည် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ကို ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို  ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိတို့ အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀)တင်ပို့ရန် အရောင်းစာချုပ် (Sales

နေပြည်တော် ဒီဇင်ဘာ ၂၀ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၂     ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။