၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Chin Dwin Shan Co., Ltd. မှ လျှပ်စစ်သုံးယာဉ်များအတွက် အိမ်သုံးအားသွင်းစက် 7KW GB AC Charger (၅) ခုအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်းနှင့် အဆိုပါ Charger များ တင်သွင်းမှုအား ပြည်တွင်း လျှပ်စစ်သုံး ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြုထားကြောင်း သိရှိရ သည်။ လျှပ်စစ်သုံးယာဉ်များအား ဖြည့်သွင်းရာတွင် ယခုကဲ့သို့ အိမ်သုံး 7KW Charger များဖြင့် မိမိအိမ်တွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖ
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၃) ပုံမှန်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန်စွာ ဆောင်ရွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်တင်ပို့သည့် ယာဉ်များက ကုန်ပစ္စည်းများသယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေးအတွက် လည်းကောင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်များအား Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ပို့ကုန်ယာဉ်များက QR Code ကို အသုံးပြု၍ ကုန်ပစ္စည်းသယ်ဆောင်တင်ပို့နေခြင်းကို စီးပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် Mr. Li Chenyang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ လက်ခံတွေ့ဆုံခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကာပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယူနန်ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် တင်သွင်းရောက်ရှိလာသည့် N.P.K Motors Co., Ltd.
နေပြည်တော် ဖေဖော်ဝါရီလ ၁၂
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းသားရိုးရာအစားအသောက် ပွဲတော်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးအမှာစကား ပြောကြားခဲ့သည်။