မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ -၂ ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးတက်ရောက် အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များ အသင်း ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြခဲ့ကြသည်။
နေပြည်တော်၊ ဇွန် ၁ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၇-၅-၂၀၂၃ ရက်နေ့မှ ၂၉-၅-၂၀၂၃ ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့ခဲ့သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ ကြက် သွန်ဖြူ၊ ကြေးနီ၊ ကတ္ထူစက္ကူ၊ ရော်ဘာ၊ ဇီးသီးစေ့၊ သစ်ခေါက်ဖြစ်ပြီး ယင်းပစ္စည်းများအနက် ပြောင်းနှင့် ပုဇွန်ဖွဲများ ပိုမိုတင်ပို့လျက်ရှိသည်။ ပြောင်းသီးနှံအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ သယ်ယူတင်ပို့လျက်ရှိရာ ယခုသီတင်းပတ်တွင် ပြောင်းဈေးမှာ တစ်တန်လျှင် (၉၇၃,၂၅၀) ကျပ် ဖြင့် တန်ချိန် (၇၀၀၀.၀၄၂) တန်နှင့် ကြက်သွန်ဖြူ တစ်တန်လျှင် ဈေးနှုန်းမှာ (၄,၂၅၀,၀၀၀) ကျပ်ဖြင့် တန်ချိန် (၉၉.၅) တန် တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ အုတ်၊ သံနှင့်သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ က
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ် Hainan International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ အစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုမြို့ရှိ Galaxy International Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၁၅) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ ( 15th Guangdong and Macao Branded Products Fair 2023 – GMBPF ) သို့ မြန်မာနိုင်ငံမှ စီးပွာ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရုံးများသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေး စိတ်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် မေလ ၂၈
မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် (၄)ရက်ကြာကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ကုန်စည်ပြပွဲနောက်ဆုံးနေ့အဖြစ် ပြခန်းများကို ဆက်လက်ခင်းကျင်းပြသခဲ့ပါသည်။