အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း(Indian Chamber of Commerce- ICC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၃ ရက်က အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းစတက်စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ(BIMSTEC Business Conclave)သို့ ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို၌ ကျင်းပပြုလုပ်သည့် BIMSTEC Business Conclave သို့တက်ရောက်ရန်ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေး‌ကောင်စီ (Engineering Export Promotion Council-EEPC) မှ ကြီးမှူး ကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ် စေ့၊ ဆီအုန်းတို့ဖြစ်သည်။

FACETS Sri Lanka, International Gem & Jewellery Show 2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ (7th China – South Asia Exposition and 27th China (Kunming) Import & Export Fair ) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် ၇    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ (၁၁:၃၀) နာရီအချိန်တွင် နယူးဒေလီရှိ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း ( The Foreign Correspondents’ Club of South Asia – FCC ) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ -၂ ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးတက်ရောက် အမှာစကားပြောကြားခဲ့သည်။

   ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များ အသင်း ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြခဲ့ကြသည်။

နေပြည်တော်၊ ဇွန် ၁ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာ‌သော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။