မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၆-၈-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၁၉၈၆၈.၉၆၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၈.၁၅၂)သန်း၊ နယ်စပ်မှ (၁၄၀၉၃၇.၅၃၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၅.၁၉၅)သန်း၊ စုစုပေါင်း (၆၆၀၈၀၆.၅၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၁၃.၃၄၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၆-၈-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၆-၈-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၃၅.၂၉၈ | ၆.၁၁၀ | ၁၄၁.၄၀၈ | |
ကီလို | ၁၅၉၅၉၂.၇၀၄ | ၆၅၃၂.၀၁၀ | ၁၆၆၁၂၄.၇၁၄ | |||
၂ | ပဲတီစိမ်း | US$ | ၁၆၈.၃၂၄ | ၆၄.၉၃၉ | ၂၃၃.၂၆၃ | |
ကီလို | ၂၀၉၇၀၃.၆၈၆ | ၉၂၃၂၈.၅၁၃ | ၃၀၂၀၃၂.၁၉၉ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၂၆.၀၀၀ | ၀.၁၇၉ | ၂၆.၁၇၉ | |
ကီလို | ၃၃၅၄၂.၁၀၂ | ၂၆၃.၅၀၀ | ၃၃၈၀၅.၆၀၂ | |||
၅ | ကုလားပဲ | US$ | ၁၁.၉၀၁ | ၀.၀၂၇ | ၁၁.၉၂၈ | |
ကီလို | ၁၇၁၃၀.၂၄၃ | ၄၃.၀၀၀ | ၁၇၁၇၃.၂၄၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၃.၅၅၃ | ၁.၂၁၃ | ၁၄.၇၆၆ | |
ကီလို | ၁၈၃၅၁.၁၀၀ | ၃၀၅၇.၇၅၃ | ၂၁၄၀၈.၈၅၃ | |||
၇ | မြေထောက်ပဲ | US$ | ၂၁.၆၀၂ | ၈.၀၁၉ | ၂၉.၆၂၁ | |
ကီလို | ၂၈၂၂၁.၉၁၉ | ၁၂၇၁၂.၄၆၁ | ၄၀၉၃၄.၃၈၀ | |||
၈ | ထောပတ်ပဲ | US$ | ၁၅.၁၁၄ | ၃.၀၀၂ | ၁၈.၁၁၆ | |
ကီလို | ၁၇၄၃၄.၈၀၂ | ၅၅၅၉.၃၅၀ | ၂၂၉၉၄.၁၅၂ | |||
၉ | ပဲယင်း | US$ | ၁၃.၀၅၁ | ၃.၂၉၀ | ၁၆.၃၄၁ | |
ကီလို | ၁၇၆၄၇.၂၉၃ | ၇၁၈၀.၈၅၀ | ၂၄၈၂၈.၁၄၃ | |||
၁၀ | ပဲကြီး | US$ | ၃.၀၅၇ | ၁.၂၅၈ | ၄.၃၁၅ | |
ကီလို | ၄၃၀၄.၁၇၀ | ၂၃၀၀.၄၂၀ | ၆၆၀၄.၅၉၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၇၇၇ | ၁.၇၇၇ | ||
ကီလို | ၂၆၆၇.၉၃၅ | ၂၆၆၇.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၆၆ | ၀.၀၀၀ | ၀.၃၆၆ | |
ကီလို | ၅၄၄.၇၀၀ | ၀.၀၀၀ | ၅၄၄.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၆.၀၁၀ | ၀.၀၀၀ | ၆.၀၁၀ | |
ကီလို | ၇၉၃၄.၇၁၀ | ၀.၀၀၀ | ၇၉၃၄.၇၁၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၅၆၅ | ၁.၅၆၅ | ||
ကီလို | ၄၀၈၉.၂၅၀ | ၄၀၈၉.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၇၉ | ၀.၆၇၉ | ||
ကီလို | ၁၀၃၈.၆၀၀ | ၁၀၃၈.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၉၁၉ | ၅.၂၃၃ | |
ကီလို | ၁၅၂၇.၆၀၀ | ၄၀၇၅.၃၀၀ | ၅၆၀၂.၉၀၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၀ | ၀.၀၀၀ | ၀.၅၄၀ | |
ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၁၈.၁၅၂ | ၉၅.၁၉၅ | ၅၁၃.၃၄၇ | ||
ကီလို | ၅၁၉၈၆၈.၉၆၃ | ၁၄၀၉၃၇.၅၃၇ | ၆၆၀၈၀၆.၅၀၀ |