မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၅-၁၁-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၁၉၉၁၅.၉၁၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၂.၃၂၇)သန်း၊ နယ်စပ်မှ (၆၃၆၂.၁၁၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၅.၈၂၇)သန်း၊ စုစုပေါင်း (၁၂၆၂၇၈.၀၃၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၈.၁၅၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၅-၁၁-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၅-၁၁-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၆၀.၃၆၈ | ၁.၉၂၁ | ၆၂.၂၈၉ | |
| ကီလို | ၆၈၃၈၁.၃၁၂ | ၁၆၉၀.၃၉၀ | ၇၀၀၇၁.၇၀၂ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၉.၉၄၂ | ၀.၇၉၁ | ၂၀.၇၃၃ | |
| ကီလို | ၂၃၀၃၁.၀၁၅ | ၁၂၃၃.၂၆၈ | ၂၄၂၆၄.၂၈၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၃၄ | ၀.၀၃၄ | ||
| ကီလို | ၃၂.၀၀၀ | ၃၂.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၈.၉၇၆ | ၀.၀၀၀ | ၈.၉၇၆ | |
| ကီလို | ၁၂၄၄၇.၃၄၉ | ၀.၀၀၀ | ၁၂၄၄၇.၃၄၉ | |||
| ၅ | ကုလားပဲ | US$ | ၀.၆၁၆ | ၀.၀၀၀ | ၀.၆၁၆ | |
| ကီလို | ၈၉၃.၁၃၉ | ၀.၀၀၀ | ၈၉၃.၁၃၉ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၀.၅၈၈ | ၀.၀၁၅ | ၀.၆၀၃ | |
| ကီလို | ၆၄၄.၂၁၃ | ၃၂.၂၅၀ | ၆၇၆.၄၆၃ | |||
| ၇ | မြေထောက်ပဲ | US$ | ၁.၄၂၁ | ၀.၀၂၁ | ၁.၄၄၂ | |
| ကီလို | ၂၀၀၂.၃၈၃ | ၃၃.၀၀၀ | ၂၀၃၅.၃၈၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၀.၄၄၀ | ၀.၀၀၀ | ၀.၄၄၀ | |
| ကီလို | ၇၅၆.၅၀၀ | ၀.၀၀၀ | ၇၅၆.၅၀၀ | |||
| ၉ | ပဲယင်း | US$ | ၂.၃၄၃ | ၀.၀၀၀ | ၂.၃၄၃ | |
| ကီလို | ၃၅၅၄.၂၇၁ | ၀.၀၀၀ | ၃၅၅၄.၂၇၁ | |||
| ၁၀ | ပဲကြီး | US$ | ၀.၀၇၉ | ၀.၀၀၀ | ၀.၀၇၉ | |
| ကီလို | ၁၄၆.၁၁၈ | ၀.၀၀၀ | ၁၄၆.၁၁၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၃၁၆ | ၀.၃၁၆ | ||
| ကီလို | ၅၁၄.၇၆၉ | ၅၁၄.၇၆၉ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၀၂၅ | ၀.၀၀၀ | ၀.၀၂၅ | |
| ကီလို | ၄၂.၀၀၀ | ၀.၀၀၀ | ၄၂.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၂၁၃ | ၀.၀၀၀ | ၀.၂၁၃ | |
| ကီလို | ၃၂၆.၄၇၅ | ၀.၀၀၀ | ၃၂၆.၄၇၅ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
| ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၈ | ၀.၀၉၈ | ||
| ကီလို | ၁၄၄.၂၅၄ | ၁၄၄.၂၅၄ | ||||
| ၂၀ | မြေပဲဆံ | US$ | ၆.၉၉၁ | ၂.၉၀၉ | ၉.၉၀၀ | |
| ကီလို | ၇၁၆၃.၅၃၉ | ၃၁၀၁.၉၅၅ | ၁၀၂၆၅.၄၉၄ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၀၉ | ၀.၀၀၀ | ၀.၀၀၉ | |
| ကီလို | ၁၂.၈၃၅ | ၀.၀၀၀ | ၁၂.၈၃၅ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၀၂.၃၂၇ | ၅.၈၂၇ | ၁၀၈.၁၅၄ | ||
| ကီလို | ၁၁၉၉၁၅.၉၁၈ | ၆၃၆၂.၁၁၇ | ၁၂၆၂၇၈.၀၃၅ | |||
| Source: Customs | ||||||
