မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလက လူဝင်/ လူထွက်အနေဖြင့် မြန်မာနိုင်ငံသားများအား ကိန်းမခရိုင် မိန်းတိန်မြို့အထိဝင်ရောက်ခွင့်ပြုပြီး တရုတ်နိုင်ငံ သားများအား ချင်းရွှေဟော်မြို့အထိ သွားလာခွင့်ပြုခဲ့သည်။ မြန်မာကုန်တင်ယာဉ်များအနေဖြင့် တရုတ် နိုင်ငံ၊ ချင်းရွှေဟော်မြို့ကုန်တင်ယာဉ်များ ယာဉ်ရပ်နားကွင်း(ကုန်ချိန်းကွင်း)များအထိ လည်းကောင်း၊ ကြံတင်ယာဉ်များအနေဖြင့် မိန်းတိန်မြို့ နမ့်ဟွာသကြားစက်အထိလည်းကောင်းသွားလာခွင့်ပြုခဲ့သည်။
မောတောင်မြို့ဒေသဝန်းကျင်တွင် ငရုတ်သီးစိမ်းကို အများအပြားစိုက်ပျိုးလျက်ရှိပြီး ထိုင်းနိုင်ငံ ဘက်သို့ တင်ပို့လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၁) ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ငရုတ်သီးစိမ်း (၄.၄၀) တန်ကျော် တင်ပို့နိုင်ခဲ့သည်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်
ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့် အရေးများကို ကာကွယ်ရန်နှင့် e-commerce တွင် လိမ်လည်မှုများကိုကာကွယ်ရန် Central Complaint Management System (CCMS) ကို ဖေဖော်ဝါရီလ ၁၉ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါနေ့ထုတ် Dhaka Tribune တွင် ဖော်ပြထားသည်။
CCMS စနစ်သည် စားသုံးသူတစ်ဦးမှ e-commerce နှင့်ပတ်သက်သည့် တရားဝင်တိုင် ကြားချက်မှန်သမျှကို အလွယ်တကူတင်ပြနိုင်ပြီး ဖြေရှင်းချက်ပေးနိုင်မည့် သက်ဆိုင်ရာကိုရှာ ဖွေနိုင်သည့် ဗဟိုပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနစ်၊ ဇန်နဝါရီလမှစ၍ သွင်းကုန်အမယ်သစ်ဖြစ်သည့် အထည်အလိပ် (CMP) ကို တင်သွင်းနိုင်ခဲ့သည်။ အထည်အလိပ် (CMP) ကို ကုန်သွယ်ရေးဦးစီးဌာန ရုံးချုပ် မှ Myanmar Tradenet (2.0) စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဦးစီးဌာန၏ Release Order Notification တို့ဖြင့် တင်သွင်းလျက်ရှိသည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါကခွင့်ပြုပေး လျက်ရှိသည်။ (၂၁-၂-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၅၈)စောင် (၃.၄၂၅)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီး၊ ပန်းမျိုးစုံတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၂၁)ရက်နေ့ထိ ပို့ကုန်လိုင်စင်(၁၂)စောင်နှင့်သွင်းကုန်လိုင်စင်(၅၀၀)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၂
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂၀ရက်နေ့
မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများအား အဓိကထားတင်ပို့လျက်ရှိသည်။
၁၉-၂-၂၀၂၃ရက်နေ့မှာလယ်ယာထွက်ကုန်အနေဖြင့်ဆန်ကားစီးရေ (၁)စီး၊ တန်ချိန် (၃၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ဆန်ကွဲကားစီးရေ (၈)စီး၊ တန်ချိန် (၂၅၈.၅၀၀)တန်၊ တန်ဖိုး (၀.၀၉၃) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျောကားစီးရေ (၃၄)စီး၊ တန်ချိန် (၅၄၄.၀၀၀)တန်၊ တန်ဖိုး (၀.၁၈၉)၊ မြေထောက်ပဲကားစီးရေ (၃)စီး၊ တန်ချိန်(၉၅.၅၀၀)တန်၊ တန်ဖိုး (၀.၁၁၅)ဒေါ်လာသန်း၊ ကြံ(၆)စီး၊ (၁၀၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ပဲတီစိမ်း(၂)စီး (၄၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂)ဒေါ်လာသန်း၊ နှမ်းနက်၊ နှမ်းဖြူ(၁)စီး၊ (၂၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်းနှင့် နိုင်လွန်ပဲ(၁)စီး၊ (၃၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၁)ဒေါလာသန်း၊ စုစုပေါ
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၁၅-၂-၂၀၂၃)ရက်နေ့မှ(၁၈-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။