mocadmin

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၅-၃-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၄၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၄၈၈)သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၃.၃၃၁) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း (၉၀၆.၇၅၂) တန်၊ ကြက်သွန်နီ (၅၃၈.၅) တန်၊‌ သခွားမွှေး (၆၂၂) တန်၊ ပဲကြီး (၁၀၃.၅) တန်၊ စွန်တာနီ (၁၃၇.၅) တန်၊ ငါးရှဉ့် (၂၆.၉၆) တန်၊ မြေထောက်ပဲ (၇၀) တန်၊ ဝါဂွမ်း (၅၁.၁) တန်၊ ဖရဲသီး (၈၁၉.၂) တန်နှင့် အလူမီနီယံ သတ္တု (၃၄.၄၁) တန် တို့ဖြစ်သည်။

DotBorderdep

 ၂၀၂၃ ခုနှစ်၊ မတ်လ ၀၁ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၇၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၇၅၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး၏ လျာထားချက်အပေါ် (၁၃၇%) ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ကုန်သွယ်မှုလုပ်ငန်းများကိုမှန်ကန် မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွက်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတာဝန်ခံ၊ ညွှန်ကြားရေးမှူးဦးမိုးဇော်ဦးမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၂၈.၀၀၀)ဒေါ်လာသန်း၊ သွင်းကုန်(၇

DotBorderdep

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ (၂၇)ရက်

ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်းမှ ဝင်ငွေနည်းမိသားစုဦးရေ ၁၀ သန်းအတွက် အစိုးရ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမည့်မရှိမဖြစ်လိုအပ်သော ကုန်စည်စာရင်းတွင် မုန်ညင်းဆီ ထည့်သွင်းရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီလ(၂၇) ရက်နေ့ထုတ် Dhaka Tribune တွင် ရေးသားထားသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်နိုင်ငံခြားသုံးငွေ 100 ဘီလီယံတာကာခန့်သက်သာ သွားမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း ရေးသားထားသည်။

DotBorderdep

          မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက်ရှိ သော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

          မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ(၁.၃၂၉)သန်း၊ သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ(၀.၀၉၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၁.၄၂၀) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၂၆-၂-၂၀၂၃)ရက်နေ့မှ(၂၇-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

DotBorderdep

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

     အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

DotBorderdep

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂၆ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၄၉၁) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၅၃၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး ၏ လျာထားချက်အပေါ် (၁၃၅%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။