ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၇၅) တန်၊ တန်ဖိုး (၀.၁၅၆)ဒေါ်လာသန်း၊ ရော်ဘာစေး (၂၀)တန်၊တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၁၁) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း ၊Maganese Dioxide(၅၁၆) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ အလူမီနီယံဖြတ်စ (၄၀) တန်၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါ သည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ တာချီလိတ် ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူ ပြီးမှသာ လိုင
၁။ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ(၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးကြိတ်သားနှင့် CMP ပစ္စည်းများကိုတင်ပို့ခဲ့ပါသည်။
၂။ (၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများဖြစ်ပါသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်သွယ်မှုလျာထား ချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်းဖြစ်ပါသည်။
အောက်တိုဘာလ (၆) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၂၁၁) ဒေါ်လာသန်း၊ သွင်းကုန်(၀.၃၄၄)ဒေါ်လာသန်း၊စုစုပေါင်း (၀.၅၄၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၁၂.၉၀၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၄-၁၀-၂၀၂၃)မှ (၈-၁၀-၂၀၂၃)ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၆၆.၀၀) တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာ သန်း၊ ဆန်ကွဲ (၆၈.၀၀)တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ပြောင်း (၁၅၀.၀၀) တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်း၊ရော်ဘာ(၁၆၃.၀၀) တန်၊ တန်ဖိုး (၀.၂၀၆) ဒေါ်လာသန်း၊ ဆီးစေ့လောင်စာ တောင့် (၂၄.၆၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၈-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၇၈၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၉၉၃) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၇၇၃) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာ (၆)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၂.၄၇၇) ဒေါ်လာ သန်းနှင့် သွင်းကုန် (၁၄.၈၁၀) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၇.၂၈၇) ဒေါ်လာ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၁၁) စီး၊ သွင်းကုန် (၆၉၄) စီးဆောင် ရွက်နိုင်ခဲ့ပါသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တို ဘာလ ၁၀ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ရာဘာ (၈၃၆.၂၅)တန်၊ ဆန်ကွဲ (၁၃၈၆.၇၅)တန်၊ နှမ်း(နက်) (၂၄၂.၂၅)တန်၊ ပြောင်း (၁၁၀၂.၀၀၀) တန်၊ ပဲယင်း (၃၅၅.၉၈၇) တန်၊ ပဲတီစိမ်း (၂၅၃.၀၀၀) တန်၊ ဆန် (၂၀၃.၇၅) တန်၊ ပဲလွန်းဖြူ (၆၈.၅၀၀) တန်၊ မြေပဲ (အခွံပါ) (၃၃.၉၀) တန်နှင့် စွန်တာနီပဲ (၃၄.၀၀၀) တန် တင်ပို့နိုင်ခဲ့သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ပို့ကုန် အမေရိကန်ဒေါ်လာ (၃၁.၁၇၅)သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၅၁.၈၇၅)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၈၃.၀၅၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၁၀-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် Maganese Dioxide (၂၇၆) တန်၊ ကြက်သွန်နီ (၃၀) တန်နှင့် စက္ကူဖြတ်စ (၃၈) တန် တင်ပို့နိုင်ခဲ့သည်။
မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများမှာတစ်တန်လျှင် ငါးမျိုးစုံ(၁၂၄၀.၇၉) ဒေါ်လာဖြင့် (၇၀.၆) တန်၊ ရွှံ့ဂဏန်း (အရှင်) (၃၇၅၀) ဒေါ်လာဖြင့် (၂.၄) တန်၊ ဂျင်းခရု (အရှင်) (၂၀၁၄.၈) ဒေါ်လာဖြင့် (၇.၁) တန်၊ ဂဏန်း (အသေ) (၁၁၇၂.၄၁) ဒေါ်လာဖြင့် (၈.၇) တန်၊ ရေခူ ဆားနယ် (၁၉၁၁.၇၆) ဒေါ်လာဖြင့် (၂၃.၈) တန်၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာဖြင့် (၀.၃၇) တန်၊ ငှက်ပျောသီး (၂၉၄.၂၉) ဒေါ်လာဖြင့် (၃၅) တန်၊ ငရုတ်သီးစိမ်း (၇၇၂.၇၃) ဒေါ်လာဖြင့် (၄.၄) တန်ဖြစ်သည်။