ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့အတွင်း ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၆၇) တန်နှင့် လောင်စာတောင့် ဈေးနှုန်းတစ်တန်လျှင် (၁၆၈၀) ယွမ်/ (၂၃၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၅.၀၀၀) တန်နှင့် ရှောက်ကောသီး ဈေးနှုန်း တစ်တန် လျှင် (၈၀၀၀) ယွမ်/ (၁၀၉၄) ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆.၀၀၀) တန် တင်ပို့နိုင်ခဲ့ပါသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၇ ရက်နေ့ အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ရာဘာ (၁၈၃၇.၇၅) တန်၊ ဆန်ကွဲ (၁၁၇၁.၂၅) တန်၊ ပြောင်း (၁၆၄၁.၅၀)တန်၊ နှမ်း (နက်) (၂၅၅.၅၅)တန်၊ ပဲယင်း (၃၄၀.၀၀)တန်၊ ဆန် (၅၃၉.၇၅) တန်၊ ဝဥခြောက်(၁၃၅.၃၅)တန်၊ ထောပတ်ပဲ (၁၃၃.၃၀) တန်၊ မြေထောက်ပဲ (၃၂.၀၀)တန် နှင့် မြေပဲ (အခွံပါ) (၅၃.၉၀)တန် တင်ပို့နိုင်ခဲ့သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃ ရက်နေ့အထိ ပို့ကုန်တင်ပို့မှု အနေဖြင့် ကြက်သွန်ဖြူ(၄၈) တန်၊ ကြက်သွန်နီ (၇၅) တန်၊ ရာဘာစေး (၂၀)တန်၊ ကော်ဖီစေ့(၂.၀၅) တန်၊ Maganese Dioxide (၁၂၁၂) တန် တင်ပို့နိုင်ခဲ့သည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင်တစ်ခု အပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ ပို့ကုန် ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ဆောင်ရွက်၍ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃ ရက်နေ့အထိ အများ ဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၆၄၁.၅၅၉) ဒေါ်လာဖြင့် (၁၆၃၁.၉၆၀) တန်၊ ချုပ်ပြီးအထည် (၅၈၅၅၉) ထည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၁၁.၄၃၈) တန်၊ ငရုတ်သီး(ခြောက်) (၁) တန်လျှင် (၁၆၃၅.၀၀၆) ဒေါ်လာဖြင့် (၃၃၆.၃၉၀) တန်၊ ငရုတ်သီး (စိမ်း) (အစို) (၁) တန်လျှင် (၄၀၀.၃၅၃) ဒေါ်လာဖြင့် (၆၇၆.၉၀၂)တန်၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန် လျှင် (၁၃၃၅.၃၆၅) ဒေါ်လာဖြင့် (၁၆၄) တန်၊ နှမ်းဖြူ (၁) တန်လျှင် (၂၁၀၄.၁၆၆) ဒေါ်လာဖြင့် (၉၆) တန်၊ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၀၀.၆၄၇) ဒေါ်လာဖြင့် (၇၇၂.၅၀၀) တန
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့မှ ၁၃ ရက်နေ့အထိ တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ အနေဖြင့် မန်ကျည်းစေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၃၀၇)တန်၊ ဇီးဖတ် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၈၇)တန်၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၃၄)တန်၊ ငါးမြစ်ချင်း (၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀) နှုန်းဖြင့် (၇၁.၇၆)တန်၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၇၀.၂၇၂)တန်၊ ငါးမြစ်ချင်း(၃-၅) (၁) တန် လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀) နှုန်းဖြင့် (၄၄.၈၈)တန်၊ ငါးသို
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၅၅) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်Form D အကျိုးခံစား ခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ တစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၄၀၂) တန် တင်သွင်းခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလလျာထားချက်မှာ ပို့ကုန်(၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၀-၂၀၂၃မှ၈-၁၀-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၀၉၄)ဒေါ်လာသန်း၊သွင်းကုန် (-)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၀၉၄)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက် အပေါ် (၆.၁၄%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ် ၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၉ ) ရက်နေ့မှ( ၁၀ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၈၇၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၈၈၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့် တစ်တန်လျှင် (၉၁၄) ဒေါ်လာနှုန်းဖြင့် (၁၈၀) တန် ၊ တန်ဖိုး(၀.၁၆၅) ဒေါ်လာသန်း၊ငါးကြိတ်သားတစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့်(၁၄.၄)တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၁၉၁) ဒေါ်လာသန်းအားအကောက်ခွန် သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ်Form D အကျိုးခံစားခွင့်လျှောက်ထားရယူ ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်