admin_ygn

      ဇူလိုင်တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၂၁ သန်း တန်ဖိုးရှိ သကြား ၂၂၀၃၇ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၅၂၁၉ တန်အထိ တင်ပို့မှုရှိခဲ့လို့ ယခုတစ်ပတ် သကြားတင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားခဲ့တာတွေ့ ရပါတယ်။ ယခုတစ်ပတ်တွင် ပြည်တွင်းသကြားဈေးမှာ တစ်တန်လျှင် ရှစ်သိန်း သုံးသောင်းကျပ်ရှိနေပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၃၈-၂၄၀ ယွမ်အထိဈေးရှိနေတယ်လို့ သိရပါတယ်။

admin_ygn

      ဇူလိုင် တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၂၀၀၃ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၉၄၈ တန်ဖိုးရှိ ကော်ဖီစေ့ ခြောက်တန်ခွဲတင်ပို့ခဲ့ပါတယ်။

admin_ygn

        မောတောင်ဆိုတာ မြိတ်မြို့ရဲ့ အရှေ့ဘက် ၁၁၈ မိုင်အကွာ၊ တနင်္သာရီ မြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာရှိတဲ့  ထိုင်းနယ်စပ်က မြန်မာရွာလေး  တစ်ရွာပါ။  မောတောင်နဲ့ကပ်လျက် နယ်နိမိတ် ချင်း ထိစပ်နေတာကတော့ ထိုင်းပင် လယ်ကွေ့၊  ကရာကျွတ်ကရီ ရန်ခရိုင်မှာရှိတဲ့  ဗန်ကောက်-ရနောင်း ကားလမ်းနဲ့ ၁၅ မိုင် အကွာက  ဒန်ဆင်ခွန်း ထိုင်းရွာ လေးပဲဖြစ်ပါတယ်။   မောတောင်-ဒန်ဆင်ခွန်းဆိုတဲ့နှစ်နိုင်ငံနယ်စပ် ဒေသလေးဟာ အနောက် ဘက် ကပ္ပလီပင်လယ် မြိတ်ဒေသနဲ့ အရှေ့ဘက်ထိုင်း  ပင်လယ်ကွေ့ (ကရာကျွတ်ကရီရန်ဒေသ) တို့ကို ပေါင်းကူးဆက်သွယ်ပေး ထားတဲ့  နယ်စပ်ဖြတ်သန်းနေရာ

admin_ygn

       မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀၀၀ ေ ကျာ်ကို တင်ပို့ ခဲ့ပါတယ်။  မြဝတီနဲ့  မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

admin_ygn

       တမူးကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ပထမသုံး လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် လျာထားချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာရှစ်သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး ကုန် သွယ်မှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း လျာထားတာ ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်နိုင်မှုအနေနဲ့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁၅၁ သန်း၊ သွင်းကုန်မှာ   အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၂၆ သန်း ဆောင်ရွ က်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏအနေနဲ့ အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ၉၇၇ သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန် အနေနဲ့  လျာထားချက်အပေါ်မှာ ၁၅၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ သွင်းကုန် အနေနဲ့ လျ

admin_ygn

         မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်တဲ့ တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ် ဆင့်  Normal TT စနစ်နဲ့ ကွမ်းသီးများ တိုးတက်တင်ပို့လျက်ရှိနေပြီ ဖြစ်ပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မို ရေးမှာ  Normal TT စနစ်ဖြင့် ကုန်သွယ် မှု ဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီအရေ အတွက် ဟာလည်း မြန်မာဘက်အနေနဲ့ ၁၁ ခုရှိပြီး အိန္ဒိယဘက်အနေနဲ့ ၁၀ ခု ရှိလာပြီဖြစ်ပါတယ်။

admin_ygn

       ဇူလိုင် ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ  နှမ်းရောင်စုံ ၁၇၇၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကေ တာ့ နှမ်းဖြူ ၈၃၉ တန်ခွဲ၊ နှမ်းနက်တန် ၈၄၀ ကျော်နဲ့ နှမ်းညို  ၉၂ တန် ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ချင်းရွှေဟော်မှ နှမ်းဖြူ^နှမ်းနက် ၁၅၃၄ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ချင်းရွှေဟော်မှ နှမ်းပိုမိုတင် ပို့လာတာ တွေ့ရပါတယ်။

admin_ygn

       ဇူလိုင်လ  တတိယပတ်တွင်  မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ ၆၈၀၀၅၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၁၇ တန်ခွဲ၊  မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန်မှ   အမေရိကန်ဒေါ်လာ ၁၅၀၇၈၄ တန်ဖိုးရှိ  ကြက်သွန်နီ ၄၄၈ တန်ခွဲနဲ့  တာချီလိတ်ကုန်သွယ်ရေးမှ အမေ ရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှတန် ၁၈၅၀ နဲ့  မြဝတီမှ တန် ၂၀၀ ကျော်သာ တင်ပို့နိုင် ခဲ့လို့  ယခုတစ်ပတ် ကြက်သွန်နီတင်ပို့မှုမှာ  မူဆယ်ရောမြဝတီမှပါ ပိုမိုတင်ပိ

admin_ygn

ရွှေလီမြစ်ကြောင်းတစ်လျှောက်ရှိ  ကုန်ပစ္စည်း သယ်ယူရာ   ဇက်ဆိပ်များတွင် ရေကြီးခြင်းကြောင့်  မော်တော်ယာဉ်များ  သွားလာ၍မရသဖြင့် တင်ပို့မရခဲ့တာ ကြောင့် ပြောင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  ဇူလိုင်ဒုတိယပတ်တွင် တရုတ်နယ်စပ် စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၈၀၃၃ တန်တင်ပို့ခဲ့ရာ  မူဆယ်မှ ၄၉၉၈ တန်ခွဲ၊ လွယ်ဂျယ်မှ ၂၇၇၅ တန် ကျော်နဲ့ချင်းရွှေဟော်မှ  တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က  မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့  ကန်ပိုက်တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၃၇၂၁ တန်ခွဲတင်ပို့ခဲ့တဲ့အတွက်  ယခုတစ်

admin_ygn

မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့  ကုန်သွယ်ရေးစခန်းများမှ  ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅ တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံ ရဲ့ ဝယ်လိုအားရှိတဲ့  ရေထွက်ကုန်ပစ္စည်းများကို  မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၉ သန်း တန်ဖိုးရှိငါးမျိုးစုံ ၅၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၄သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေရိ ကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ  ပုစွန်နှစ်တန်ကိုလည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၇ သန်းတန်ဖိုးရှိငါးမျိုးစုံ ၁၂၁ တန်၊  အမေရိကန်ဒေါ်