admin_ygn

      သြဂုတ်လပထမပတ်တွင်  မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၁၄၄၁၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၅၅၀၊ မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၈၇၁၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၅၂၂ တန် ကျော်နဲ့   တာချီလိတ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ  ၅၃၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ တင်ပို့ခဲ့ပါတယ်။

admin_ygn

        မြန်မာ-ထိုင်း နယ်စပ်ရှိ  ကုန် သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစန်းများမှ ဇူလိုင် နောက်ဆုံးပတ်အတွင်း  အမေရိ ကန်  ဒေါ်လာ ၂ ဒသမ ၃၇၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်ချိန် ၂၄၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ဇူလိုင် တတိ ယ ပတ်ထက် ရေထွက်ကုန် တန် ၃၅၀ ကျော်  ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

admin_ygn

       မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေး စခန်းမှာ  ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၄၇၅ သန်း၊  သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅ သန်း၊  ကုန်သွယ်မှု ပမာဏ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၀ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဇူလိုင်အတွက် ကုန်သွယ်မှု  လျာထားချက်မှာ အမေရိကန်ဒေါ်လာ  သုညဒသမ ၆၀၀ သန်းဖြစ်၍ လျာထား ချက်အပေါ်   ၈၀ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

admin_ygn

        မြဝတီကုန်သွယ်ရေးဇုန်မှ ဇူလိုင်လအတွင်း  ကုန်သွယ်လုပ်ငန်းဆောင်ရွက် နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၁၄၆ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလအောက် လျော့နည်းခဲ့သော်လည်း ယမန်နှစ်ကာလတူထက်  အမေ ရိကန်ဒေါ်လာ ၂၃ ဒသမ ၁၉၅ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၃၅ သန်းနဲ့ သွင်းကုန်ပိုင်းတွင်  အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၀၆၀ သန်းပိုမိုဆောင် ရွ က်ခဲ့ပြီး ပို့ကုန်ပစ္စည်းများဖြစ်တဲ့ မတ်ပဲ၊ မြေပဲဆန်၊ နှမ်းနက်၊ သရက်သီး၊ နနွင်း တက်၊ သီဟိုဠ်စေ့၊ အုန်းသီးခြောက်၊ ကံ့ကော်ပွင့်ခြောက်၊ ငရုတ်သီးခြောက်၊ ကြက် သွန်ဖြူ၊ ငါးမျ

admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ နှမ်းဖြူ  ၉၂၁ တန် ကျော်နဲ့ နှမ်းနက် ၁၂၄၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တ ပတ်က ချင်းရွှေ ဟော်မှ နှမ်းရောင်စုံ ၁၇၇၁ တန်ကျော်နဲ့ တာချီလိတ်မှ နှမ်းနက် ၁၀ တန် တင်ပို့ခဲ့ပါ တယ်။

admin_ygn

     တမူးကုန်သွယ်ရေးစခန်းရဲ့အဓိကပို့ကုန်ဟာ ကွမ်းသီးဖြစ်ပါတယ်။ ကုန်သွယ်လုပ်ငန်းရှင်များထံမှ ရရှိတဲ့အတည်ပြုဆဲဈေးကွက်သတင်းများအရ အိန္ဒိယအစိုးရဟာ ပင်လယ်ရေကြောင်းမှ ကွမ်းသီးတင်သွင်းမှုကို ပိတ်ထားပြီး နယ်စပ်ဒေသ မှသာ ခွင့်ပြုမယ်လို့သိရှိရပါတယ်။ အခြားသတင်းများအရလည်း အိန္ဒိယအစိုးရဟာ ကွမ်းသီးတင်ပို့မှုကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံတယ်လို့ လည်း ပြောဆိုမှုများ ရှိပါတယ်။

admin_ygn

     ဇူလိုင်လ နောက်ဆုံးပတ်မှာ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုး ရှိ ဆီးဖတ် ၆၅ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ မန်ကျည်းဖတ် ၄၄ တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၀ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ ၁၃၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။  ဇူလိုင်တတိယ ပတ်ထက် ဆီးဖတ်၊ မန်ကျည်းဖတ်နဲ့ မန်ကျည်းစေ့ တန် ၁၀၀ ကျော် ပိုမိုတင် ပို့နိုင် တာ တွေ့ရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၃၇၆ တန်ဖိုးရှိ ကြက်သွန်နီတန် ချိန် ၆၃၄ တန်နီးပါး တင်ပို့ခဲ့ပြီး၊ တစ် နေ့ကို ပျမ်းမျှကားစီးရေ ငါးစီးကျော် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက် ၁၉၄၇ တန်လျော့ နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

     ဇူလိုင်လ တတိယပတ်အတွင်း ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၃ သန်း တန်ဖိုးရှိ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယတို့မှ ဆိုင်ကယ် ၁၁၄၆၄ စီးတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခင် တစ်ပတ်ထက် စီးရေ ၂၀၀၀ ကျော်  လျော့နည်းတင်သွင်းခဲ့ပေမယ့် တရုတ်နယ်စပ်မှ  မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး  ကုန်သွယ်ရေးစခန်းများမှ တရုတ်ဆိုင်ကယ်စီးရေ  ၁၀၀၀၀ ကျော်၊ တာချီလိတ်နဲ့   မြဝတီကုန်သွယ်ရေး စခန်းများမှ ယိုးဒယားဆိုင်ကယ် ၁၂၉၂ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အန္ဒိယ ဆိုင်ကယ် ၅၅ စီး အသီးသီး တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင်လ တတိယပတ်တွင် အမေရိကန် ဒေါ်လာ သုညဒသမ ၃၅၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၁ မျိုး၊ ၁၉၃ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥခေါင်း၊ တောချင်း၊ တောင်လုံးကျော်၊ ဆီးဆန်၊  ရွေးရွက်၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့ ၊ ချဉ်ပေါင်ဖာလာ၊ ဝဥခြောက် ၊ ဒရင်ကောက်မြစ်နဲ့  ကွမ်းစားဂမုန်းတို့ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လည်း အမေရိကန်ဒေါ်လာ ၂၀၆၈၅၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၂၉၅ တန်ခွဲ တင်ပို့ ခဲ့ပါတယ်။