နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဧပြီ ၁၉

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်​သော အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၆,၆၀၀ တန် တင်ပို့ခဲ့ပါသည်။

   အလားတူ ၁၉.၄.၂၀၂၄ ရက်နေ့တွင် ​​အေးရှား​ဝေါဆိပ်ကမ်း (AWPT-3) မှ သင်္ဘောပေါ်သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲများ သင်္ဘောတင်​ဆောင်လျက်ရှိပါသည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊   ဧပြီလ ၂၀ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀ဝ တန်နှင့် ဧပြီလ ၂၂ ရက်​​​နေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၂၇၀၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဧပြီ ၁၈

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော သီလဝါဆိပ်ကမ်း (International Bulk Terminal Thilawa- IBTT) မှ ပြောင်းဖူး စေ့တန်ချိန် ၁၄,၅၀ဝ တန်နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ စုစုပေါင်းတန်ချိန် ၁၇,၂၀၀ တင်ပို့ခဲ့ပါသည်။

   အလားတူ ၁၈.၄.၂၀၂၄ ရက်နေ့တွင် အေရှားဝေါဆိပ်ကမ်း (AWPT-3)မှ သင်္ဘောတစ်စီးပေါ် သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ပြောင်းများ သင်္ဘောတင်ဆောင်လျက်ရှိပါသည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူး စေ့တန်ချိန် ၆,၆၀ဝ တန် နှင့် ဧပြီလ ၂၀ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀ဝ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဧပြီ ၁၅

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ ပူးပေါင်းစီစဉ် ၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော  Wilmar Myanmar Port Terminal (Wilmer) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန်တင်ပို့ခဲ့သည်။ 

   အလားတူ ၁၅-၄-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP-4) ၊ အေးရှား ဝေါ ဆိပ်ကမ်း (AWPT-3) တို့မှ သင်္ဘော ၃ စီးဖြင့် ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေ ကုန်ပစ္စည်းများ တင်ဆောင်ထွက်ခွာသွားကြောင်း သိရှိရပါသည်။ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3) ၊ အေးရှားဝေါဆိပ်ကမ်း (AWPT-1) ၊ (AWPT-3) တို့မှလည်း ပို့ကုန် ဆန်၊ ပဲ၊ ပြောင်း များ သင်္ဘောတင်ဆောင်လျှက်ရှိပါသည်။

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူး စေ့တန်ချိန် ၂,၇၀၀တန်၊ International Bulk Terminal Thilawa (IBTT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ တန် ၊ ဧပြီလ ၁၉ ရက်နေ့တွင် ယခင် ဗိုလ်အောင်ကျော်ဆိပ် ကမ်း  The Myanmar Terminal (TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ တန်  ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

နေပြည်တော် ၊ ဧပြီ ၁၄

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ ပူးပေါင်း စီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း(SPW-6)နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း(MIP-2)တို့မှ သင်္ဘောနှစ်စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၅၁၀၄၃ တန်တင်ပို့ခဲ့ပါသည်။

   အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3)နှင့် (MIP-4)၊ အေရှားဝေါဆိပ်ကမ်း (AWPT-1) နှင့် (AWPT-3) ဆိပ်ကမ်းများတွင်လည်း ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ပြောင်းတို့ကို သင်္ဘောတင်ဆောင်လျှက်ရှိပါသည်။

   ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal TMT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ တန်၊ အလုံအပြည် ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀ တန်၊ Yangon International Gateway Terminal (YIGT)ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်း (MHM) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တန်၊ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တန်တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဧပြီ ၁၂ ရက်  

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ် ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း- ၃ (AIPT - 3) တို့မှ သင်္ဘော ၄ စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၃၉,၅၀၀ တန် တင်ပို့ခဲ့သည်။

   အလားတူ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT-3) မှ ၁၂-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန် ပစ္စည်းများ၊ ဆန်၊ ပဲတို့ တင်ဆောင်ထွက်ခွာသွားကြောင်း သိရှိရပါသည်။               

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် မင်းထက်မင်း (MHM) ဆိပ်ကမ်းမှ ပြောင်းဖူး စေ့တန်ချိန်  ၂,၇၀၀ တန်၊ ဆူးလေဆိပ်ကမ်း (SPW-6) မှ ပြောင်းဖူးစေ့တန်ချိန် ၂၅,၀၀၀ တန်၊ ဧပြီလ ၁၅ ရက်နေ့တွင်  ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal TMT 1)  ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ တန်၊  Yangon International Gateway Terminal (YIGTA) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ တန်၊ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန်တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း