နောက်ဆုံးရ သတင်း

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Han အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ BYD Atto 3 အမျိုးအစားလျှပ်စစ်သုံးမော်တော် ယာဉ်များ၊ Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့်  Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂-၅-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဧပြီ ၂၉ ရက်

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ် ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ Yangon International Gateway Terminal (YIGT) မှ ပြောင်းဖူးစေ့ တန်ချိန် ၉,၂၀၀  နှင့် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန်တင်ပို့ခဲ့သည်။

၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ‌အေးရှားဝေါဆိပ်ကမ်း (AWPT-3)မှ သင်္ဘော တစ်စီးသို့ ရေထွက်ကုန်၊ ဆန်၊ ပဲ၊ များတင်ဆောင်လျက်ရှိပါသည်။ အလားတူအေးရှားဝေါဆိပ်ကမ်း (AWPT-3) နှင့် သီလဝါဆိပ်ကမ်း (Myanmar International Terminal Thilawa) တို့မှ  သင်္ဘော  ၃ စီးဖြင့် ရေထွက်ကုန်၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်၊ သကြား၊ နှမ်း၊ အထွေထွေကုန် ပစ္စည်းများ၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာတို့ တင်ဆောင်ထွက်ခွာသွားကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇,၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်းမှ ​ပြောင်းဖူး​စေ့ တန်ချိန် ၅,၄၀၀ တန်၊ ဆူးလေဆိပ်ကမ်းမှ ပြောင်းဖူးစေ့ တန်ချိန် ၄၄,၄၀၀ တန်  နှင့် ဆန်တန်ချိန် ၇,၅၀၀ တန်၊ မေလ ၁ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal -TMT 3) မှ ပြောင်းဖူး စေ့တန်ချိန် ၆,၀၅၀ တန်၊  ​မေလ ၃ရက်​နေ့တွင် ယခင်ဗိုလ်​အောင်​ကျော်ဆိပ်ကမ်း (The Myammar Terminal-TMT2) မှ​ပြောင်းဖူး​စေ့တန်ချိန် ၂၇,၅၀၀ တန်၊ Yangon International Gateway Terminal (YIGT) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၉,၄၀၀ တန်နှင့် မေလ ၅ ရက်နေ့တွင် ဆူးလေဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ တန်၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(AIPT-1)မှ ပြောင်းဖူးစေ့ တန်ချိန် ၂၇,၅၀၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။  

နေပြည်တော်၊ ဧပြီလ ၂၉     

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ နံနက်(၀၉:၄၅) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း)သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို သိရှိနိုင်စေရန်နှင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်  ရုံးလုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်၊ မှန်ကန် စွာဆောင်ရွက်တတ်စေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအပါအဝင် စာသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ သိရှိဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချသည့် သင်တန်းဖြစ်ကြောင်း၊ မိမိဦးစီးဌာန၏ အဓိကလုပ် ငန်းဖြစ်သော စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်၊ ကျေကျေညက်ညက် သိရှိရမည်ဖြစ်ပြီး ဥပဒေကို နားလည်သိရှိမှသာ ပြည်သူလူထုသို့ အသိပညာဖြန့်ဝေပေးနိုင်မှာဖြစ် ကြောင်း၊ သင်ကြားပေးမည့် သင်ခန်းစာများကို လေ့လာသင်ယူမှတ်သားခြင်းအပြင် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော ကုန်သွယ်မှုဗဟုသုတ၊ ကုန်သွယ်မှုဆိုင်ရာပညာရပ်များကိုလည်း လေ့လာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ အဖွဲ့အစည်းနှင့် ဆောင်ရွက်နေရသည့်အတွက် အဖွဲ့အစည်း အတွင်း တာဝန်ခွဲဝေယူတတ်ခြင်း၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အဖွဲ့အစည်း နှင့်လုပ်ဆောင်တတ်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုစသည့် စိတ်ဓာတ်ကောင်းများရှိရန် သင်တန်းဖွင် လှစ်ပို့ချ လေ့ကျင့်ပေးခြင်းဖြစ် ကြောင်း၊ ပညာဟူသည် မည်သည့်အခါမှ ပြီးပြည့်စုံသည်ဟူ၍ မရှိ သဖြင့် ပညာကိုရှာဖွေဆည်းပူးနေရ မှာဖြစ်ကြောင်း၊ ပညာဆည်းပူးရာတွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်တစ်ခုတည်းကို လေ့လာသင်ကြားခြင်းမျိုးမဟုတ်ဘဲ လက်ရှိထုတ်ပြန်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကိုလည်း နားလည်သိရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံး များမှ သင်တန်းသား (၁၅၀) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဧပြီ ၂၈        

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ စက်မှုဇုန်-၄ ရှိ ပြည်ဖြိုးအောင်ကုမ္ပဏီ၏ ပဲသန့်စင်စက်ရုံနှင့် နှမ်းလှော်စက်သို့ ရောက်ရှိ၍ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ပဲသန့်စင်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း၌ သိုလှောင်ဖြန့်ဖြူးပေးနေမှု၊ ပြည်ပသို့ တင်ပို့ နိုင်မှုတို့အား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း ကြည့််ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ နယ်၊ ရွှေပြည်သာတံတားအနီးရှိ မင်းထက်မင်းဆိပ်ကမ်း၊ ရွှေပြည်သာမြို့ရှိ ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတွင် ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရန် သင်္ဘောတင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ပို့ကုန်လုပ်ငန်းဆိုင်ရာ သက်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဌာန ဆိုင်ရာ One Stop Service (OSS) အဖွဲ့များမှ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်၊ ကုန်ပစ္စည်းများ အား အချိန်ကြန့်ကြာမှုမရှိစေပဲ သင်္ဘောတင်နိုင်ရေးဆောင်ရွက်ရန်၊ ပို့ကုန်ပစ္စည်းအရည်အသွေး ထိခိုက်ပျက်စီးမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်ပစ္စည်းအမျိုးအစားနှင့်အရေအတွက် မှန်ကန်စေရေးဆောင်ရွက်ရန်၊ ပို့ကုန်လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ တင်ပို့နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင် ကုန်ချဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှစ၍ စတင်ခွင့်ပြု ခဲ့ပြီး အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများဆောင်ရွက် နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့ (One Stop Service -OSS) များက ဧပြီလ ၂၄ ရက်နေ့မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ မင်းထက်မင်းဆိပ်ကမ်းမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်းအဖြစ် ခွင့်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း