ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Mon, 04/15/2024 - 15:05 -- mocadmin

နေပြည်တော်၊ ဧပြီ ၁၅

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ ပူးပေါင်းစီစဉ် ၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော  Wilmar Myanmar Port Terminal (Wilmer) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန်တင်ပို့ခဲ့သည်။ 

   အလားတူ ၁၅-၄-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP-4) ၊ အေးရှား ဝေါ ဆိပ်ကမ်း (AWPT-3) တို့မှ သင်္ဘော ၃ စီးဖြင့် ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေ ကုန်ပစ္စည်းများ တင်ဆောင်ထွက်ခွာသွားကြောင်း သိရှိရပါသည်။ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3) ၊ အေးရှားဝေါဆိပ်ကမ်း (AWPT-1) ၊ (AWPT-3) တို့မှလည်း ပို့ကုန် ဆန်၊ ပဲ၊ ပြောင်း များ သင်္ဘောတင်ဆောင်လျှက်ရှိပါသည်။

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူး စေ့တန်ချိန် ၂,၇၀၀တန်၊ International Bulk Terminal Thilawa (IBTT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ တန် ၊ ဧပြီလ ၁၉ ရက်နေ့တွင် ယခင် ဗိုလ်အောင်ကျော်ဆိပ် ကမ်း  The Myanmar Terminal (TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ တန်  ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages