မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ အနည်းငယ်မြင့်တက်

Mon, 04/29/2024 - 02:13 -- dotadmin

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်းအတွင်း၌ တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေ ရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေး အပေါ်မူတည်၍ ဧပြီလ၊ စတုတ္ထပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် နွေရာသီကာလများတွင် ကွမ်းအထွက်နှုန်း တိုးသော်လည်း ယခုနှစ် နွေရာသီမှာ အပူချိန်မြင့်မားသည့်အတွက် ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးများ ကျရောက်ကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းပါးခြင်း၊ နှစ်သစ်ကူး သင်္ကြန်ကာလတွင်းနှင့် သင်္ကြန်အပြီး ကာလများတွင် ဈေးကွက်ဝယ်လိုအား များပြားခြင်းတို့ကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက် ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages