လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor C16 နှင့် MG S5 (ES5) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Amazing Auto Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Myanmar New Energy Motor  (MNEM)   Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Venucia (VX6) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Essential  Motors Co.,Ltd. မှ  တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD ATTO 2 EV အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊  Fara  Myanmar  EV  Co.,  Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  GAC  Toyota  BZ3X  အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊  Asia  Pacific  Automaker  Corporation   Co., Ltd.  မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng (Aeolus) အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၈-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။