ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အသိပေးအကြောင်းကြားခြင်း လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အသိပေးအကြောင်းကြားခြင်း လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အသိပေးအကြောင်းကြားခြင်း လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ (၂၅) ရက်နေ့မှ စတင်ဆွေးနွေးပို့ချခဲ့ပြီး ဩဂုတ်လ (၂၆) ရက်နေ့အထိ ကုန်သွယ်ရေးဦးစီး ဌာန၊ ဧရာဝတီခန်းမ၌ သင်ကြားပို့ချမည်ဖြစ်ပါသည်။
၃။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် ကုန်သွယ်ရေးဦးစီး ဌာန ၊ WTOနှင့်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင်က ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။