စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် သုံးဆယ့်ခြောက်ရက်နေ့မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်း အိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့မေလ ၅ ရက်နေ့တွင် သုံးဆယ့်ခြောက်ရက်နေ့မြောက် အဖြစ် ဈေးကား ၁၀ စီး ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ့စီးပွားရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိခရိုင်တရားရုံး၊ အကျဉ်းဦးစီးဌာန-၂(ကင်းသာ)၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စုပေါင်းရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးအမှတ်-၈)၊ အထူးရဲတပ်ဖွဲ့ရုံး၊ သာသနာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အမျိုးသားပြတိုက်၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၁၀၃၄၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၄၂၁ အိတ်၊ ဆီ ၃၇၅၃၀ ပိဿာ၊ ဆား ၁၆၈၃ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၅၇၀၄ ထုပ်၊ ငါးပိ ၃၆၁ ပိဿာ၊ အမဲသား ၂၅ ပိဿာ၊ ကြက် ၂၅၀ ကောင်၊ ဝက်သား ၂၀ ပိဿာ၊ ကြက်ဥ ၁၇၈၉၀ လုံး၊ ဘဲဥ ၇၁၁၅ လုံး၊ ငုံးဥ ၂၀၀၀ လုံး၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲခြောက်များ၊ ငါးကြင်း ၉၀ ပိဿာ၊ ငါးတန် ၉၀ ပိဿာ၊ ငါးမုတ် ၇၀ ပိဿာ၊ ခေါက်ဆွဲခြောက် ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့်မုန်ညင်းဖြူ စသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ်ဆက်လက် ရောင်းချပေး သွားမည်ဖြစ်ပါသည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား ၃၀၀ ပိဿာ၊ ဆိတ်သား ၁၀၀ ပိဿာ၊ ကြက်သား ၂၀၀ ကောင်၊ ဝက်သား ၁၀၀ ပိဿာ၊ ငါးမြစ်ချင်း ၁၀၀ ပိဿာတို့အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာ နေ့တိုင်း အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်း၍ “MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် မီးဖိုချောင်သုံးပစ္စည်း စသည့် ကုန်ပစ္စည်း(၁၀၇)မျိူးတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
အလားတူ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၁၉ အိတ်၊ စားအုန်းဆီ ၄၉၈၃ ပိဿာ၊ ဆား ၈၂ ပိဿာ၊ ကုလားပဲ (၂၀) ကျပ် သားပါ ၄၀၉ ဘူး၊ ငါးပိ ၂၇ ပိဿာ၊ ကြက်သွန်နီ ၅၈၃ ပိဿာ၊ အသားတု ၃၀ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေး မြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၆၆၀ အိတ်၊ စားအုန်းဆီ ၆၆၀၀၀ ပိဿာ၊ ဆား ၅၇ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၉၄ ထုပ်၊ ငါးပိ ၂၂ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ် များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။