စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် နေပြည်တော်အတွင်း ဈေးကား (၁) စီးဖြင့် နေပြည်တော် ကောင်စီဝင်းအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများရှိ ဝန်ထမ်းများသို့ ငါးကြင်း ၉၀ ပိဿာ၊ ငါးတန် ၉၀ ပိဿာ၊ ငါးမုတ် ၇၀ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်းနှင့်အပတ်စဉ်သောြကာနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။