မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန (MITI) က တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့၏ သံမဏိပြား စုပုံတင်သွင်းလာမှုအပေါ် တန်ပြန်ဆောင်ရွက်သည့် အနေဖြင့် အကောက်ခွန် ၃၆ % အထိ တိုးမြှင့်ကောက်ခံ

မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန (MITI) သည် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားတို့မှတင်သွင်းလာသော သံထည်ထုတ်ကုန်များ သို့မဟုတ် သံမဏိပြားများကို စုံစမ်းစစ်ဆေးခဲ့ပြီး နိုင်ငံအတွင်းသို့ စုံပုံတင်သွင်းမှုအပေါ်  တန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိ ပါသည်။ 

အဆိုပါနိုင်ငံများမှ တင်သွင်းလာသော ကုန်ပစ္စည်းများသည် ၎င်းတို့၏ ပြည်တွင်းဈေးကွက်တွင် ရောင်းချသည့် စျေးနှုန်းထက် နိမ့်ကျသော ဈေးနှုန်းဖြင့် မလေးရှားနိုင်ငံသို့ တင်သွင်းခဲ့သဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းအား ထိခိုက်နစ်နာစေသည်ဟူ၍ မလေးရှားနိုင်ငံရှိ Perusahaan Sadur Timah Malaysia Berhad ကုမ္ပဏီက အခိုင်အမာပြောဆိုခဲ့ပြီးနောက် စတင်၍ အကောက်ခွန် တိုးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။  တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားတို့မှတင်သွင်းလာသော ကုန်ပစ္စည်းများကို ကနဦးစုံစမ်းခဲ့ရာ သက်သေအထောက်အထားလုံလောက်မှုရှိသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ထို့ကြောင့် မလေးရှားနိုင်ငံရှိ ပြည်တွင်းစက်မှုလုပ်ငန်းများ ထပ်မံထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကုန်ပစ္စည်းများ တင်သွင်းမှုတွင် အကောက်ခွန်နှုန်း ၂.၅၂ % မှ ၃၆.၈၀ % အထိ ကောက်ခံခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ ကောက်ခံခဲ့ပြီး အဆိုပါအစီအမံကို ရက်ပေါင်း ၁၂၀ ထက် မပိုဘဲကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ်၊https://www.businesstoday.com.my/2025/01/13/anti-dumping-duties-of-up-to-36-on-flat-rolled-iron-from-china-india-japan-rok-miti/