၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
မောင်တောကုန်သွယ်ရေးစခန်းသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းများကို အဓိက တင်ပို့နေသော စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ရေထွက်ပစ္စည်းများမှာ ငါးမြစ်ချင်း၊ ငါးနီတူ ခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ ငါးမုတ်နှင့် ငါးသလောက် တို့ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရေထွက်ပစ္စည်း အမှန်တင်ပို့နိုင်မှုမှာ တန်ချိန် (၈၆၇.၁၀၀)၊ တန်ဖိုး (၁.၀၅၈)ဒေါ်လာသန်းဖြစ်ပြီး၊ ယခင် ၂၀၂၁ခုနှစ် ကာလတူနှင့် နိုင်းယှဉ်ပါက တန်ချိန် (၆၄၂.၇၀၀) တန်၊ တန်ဖိုး (၀.၇၅၀) ဒေါ်လာသန်းတင်ပို့မှုလျော့နည်းခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိရာ ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ (၀.၁၇၇၆) ဒေါ်လာသန်း တင်ပို့ရောင်းချခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
ယခုအပတ်အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ရွှေပေါက်ဈေးမှာ ( ၁ ) အောင်စလျှင် (၂၀၀၀၁၈.၃၇) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန် (အဖြူ) (၁) ကီလို (၃၁၉.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၃၉.၀၀ တာကာ)၊ အာလူး (၁) ကီလို (၂၅.၀၀တာကာ)၊ ခရမ်းချဉ်သီး (၁) ကီလို (၆၀.၀၀ တာကာ)၊ကြက်သား (၁) ကီလို(၂၂၉.၀၀တာကာ)၊ ကြက်ဥ(၁)ဒါဇင် (၁၁၉.၀၀တာကာ) ဈေးရှိ ကြောင်း သိရှိရပါသည်။ ယခုအပတ် ငွေလဲနှုန်းမှာ ၁ တာကာလျှင် ၂၄.၈၀ ကျပ်မှ ၂၅.၃၀ ကျပ် ပြောင်းလဲ သွားကြောင်းသိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ ၁၂ ရက်
၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ ၁၂ ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်နှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ် မှုအသာစီးရရှိသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၄၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၀၅)ဒေါ်လာ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၆၅၁)ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင် ခဲ့ပါသည်။