DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်း ဖြစ်သည်။

ဇူလိုင်လ (၁၈) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁.၂၁၂) ဒေါ်လာသန်း၊ သွင်းကုန် (၁.၃၄၃) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂.၅၅၅) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၈၅%) ဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၈)ရက်နေ့မှ ဇူလိုင်(၁၇)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၁.၇၆၀) ဒေါ်လာသန်း၊ သွင်းကုန်(၂၈.၁၇၁)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၃၉.၉၃၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ မှ ၁၈ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၁၅.၀၀)တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ ပြောင်း (၆၆.၀၀)တန်၊ တန်ဖိုး (၀.၀၁၉)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၃.၀၀)တန်၊ တန်ဖိုး(၀.၀၂၃) ဒေါ်လာသန်း၊ တစ်သျူးငှက်ပျော(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ Lead Carbonate(၇၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

DotBorderdep

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၈-၇-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၇၆) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၉၄၀) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၉၁၆) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက်မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ(၁၄)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၉၉၄)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်းသိရှိရသည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၆)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၄၇၃)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၅၁) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၅၂၄)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန်(၁.၀၀၀)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၀၃၀)ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ(၁-၇-၂၀၂၃မှ ၁၆-၇-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၀.၄၁၉)ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၈၄)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၅၀၃)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ်(၄၈.၈၃%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့အတွင်းငါးကြိတ်သားတစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၂၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်းအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိက

DotBorderdep

          ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ဖြစ်သည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၈-၇-၂၀၂၃ မှ ၁၄-၇-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၉၈၃.၆၅၅) တန်၊ တန်ဖိုး (၀.၃၀၃)ဒေါ်လာသန်း၊ ကော်ဖီစေ့ တန်ချိန် (၁၇)တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန် (၁၃၂) တန်၊ တန်ဖိုး (၀.၂၁၆)ဒေါ်လာသန်း၊ လက်ဖက်ခြောက်တန်ချိန် (၄၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ဆေးရွက်ကြီး တန်ချိန် (၃၁)တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၁၈၆)တန်၊ တန်ဖိုး (၀.၀၂၁)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။