ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။
ဖေဖော်ဝါရီလ(၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၉.၀၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၃၁)ဒေါ်လာသန်း၊ စုစုပေါင်း(၁၀.၄၅၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၀.၉၉၅%) ဆောင်ရွက်နိုင်ခဲ့ပါသည်။