၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ ၃၆၆ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ၇၁၀ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ကြက်သွန်နီ အရေအတွက်တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရသည်။ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့နိုင်မှု ငွေပမာဏမှာ၂၆၂၄၀ဝ ဒေါ်လာတင်ပို့မှုရှိခဲ့သည်။ နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိရခိုင်ပြည်နယ်၊စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးမြစ်ချင်း ၂၁၀ ဒသမ ၄၅၅ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်မှာ ငါးမြစ်ချင်း ၁၃၈ ဒသမ ၂ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ငါးမြစ်ချင်
ယခု ကြံရာသီ (ဒီဇင်ဘာမှ ဧပြီလ) အတွင်း ကြံဝယ်ယူရန် စက်ရုံအများစု နောက်ကျနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်းမှ သိရသည်။ "ပြည်တွင်းမှာ သကြားစက်ရုံ ပေါင်း ၂၃ ရုံ ရှိပါတယ်။ လက်ရှိ ဒီထဲမှာ ဂရိတ်ဝေါနဲ့ နဝဒေးသကြားစက်ရုံ နှစ်ခုပဲစတင် ဝယ်နိုင်သေးတယ်။ ဒီစက်ရုံ နှစ်ခုပဲ ဈေးဖွင့်ဝယ်ယူနေတယ်။ နဝဒေး စက်ရုံက ကြံတစ်တန်ကို စက်ရုံအရောက် ဈေး ကျပ် ၄၅၀ဝ၀ ပေးပြီးတော့၊ ဂရိတ် ဝေါကလည်း စက်ရုံအရောက်ဈေး တစ်တန်ကို ကျပ် ၄၁၅၀ဝ ပေးဝယ် တယ်။ စက်တွေက အဆင်သင့် ဖြစ်ပေ မယ့် စက်ရုံအလိုက် ကျန်ရှိနေတဲ့ သကြား လက်ကျန်အဟောင်းတွေကြောင့် ဈေး မဖွင့်နိုင်ကြသေးတာပါ"&
အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးဆောင်၍ လာအိုနိုင်ငံမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် လာအို နိုင်ငံအတွက် လိုအပ်သော မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း များ တင်ပို့နိုင်ရေးအတွက် နိုဝင်ဘာ ၁၄ ရက်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
တာချီလိတ်မြို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တည်ရှိ ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နိုင်ငံများအနက်မှ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို မယ်ဆိုင်ချောင်းအား ဖြတ်၍ အမှတ် (၁) ချစ်ကြည်ရေးတံတား မှ လူဝင်/ထွက်များ စိစစ်ခွင့်ပြုပေးနေ သလို အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပို့ကုန်သွင်းကုန် ပစ္စည်းတင်ယာဉ်များ ဝင်/ထွက်ကုန်သွယ်မှုပြုလျက်ရှိသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ် မှုတွင် တာချီလိတ်နယ်စပ်ကုန်သွယ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပို့ကုန် ၂၀ ဒသမ ၁၀၉ ဒေါ်လာ သန်းနှင့် သွင်းကုန် ၆၉ ဒသမ ၂၇၅ ဒေါ်လာ သန်းဖြစ်သဖြင့် စုစု
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ တရုတ်ပြည်သို့ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသစ်သီးကုန်များ ဈေး ကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း အရည်အသွေးမကောင်းသည်က များ၍ ယခင်နှစ်ကာလထက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။ အရင်နှစ်ထက် ဝယ်လိုအား နည်းနည်းကျတယ်။ သစ်သီးတွေက တော့ အများကြီးဝင်တယ်။ ဝင်လာတဲ့ အရည်အသွေးတွေက သိပ်မကောင်း ဘူး။ နယ်စပ်မှာလည်း တခြားအသီးတွေက များနေတယ်။ ထိုင်းကလာတဲ့ အသီးအနှံတွေလည်း ဝင်နေတယ်။ ၁၁ လပိုင်းကုန်ရင်တော့ ဝယ်လိုအား လည်း တက်လာမယ်ထင်တာပဲဟု ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်သူများ အဖွဲ့မှ ဦးစိုင်းခင်မောင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ ဖရဲ၊ သခွားသစ်သီးများသည
မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တ
မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံ ဝင် ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အရည်အသွေးနှင့် ဝယ်လိုအား ကြောင့် နှမ်းနက်(စမုံ/ဂွနက်)၊ နှမ်းဖြူဈေးတက်သွားသည်။ မကွေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် နိုဝင်ဘာ ၁၃ ရက် နှမ်းနက် (စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၂၄၇၀ဝ၀၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အလတ်စ ကျပ် ၂၃၀ဝ၀ဝ၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၈၀ဝ၀၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၅၀ဝ၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်း ပြည်နယ် အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာ ၁၅ ရက် တွင် အောင်ပန်းမြို့မှ ဝင်ရောက်လာ သော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး A1 ကျပ် ၇၅၀၊ အာလူးOK ကျပ် ၉၀ဝ၊ အာလူး S1 ကျပ် ၁၀ဝ၀၊ အာလူး S2 ကျပ် ၁၁၀ဝ ဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ ယခင် တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၂၅၀၊ အာလူး S2 ကျပ် ၃၅၀၊ အာလူး OK နှင့် S1 မှာ ကျပ် ၃၃၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန် စည်ဒိုင်ဈေးကွက်မှ သိရသည်။ ရန်ကုန်မြို့ဒေသအတွင်း လက် လီပြန်လည်ရောင်းချသူများနှင့် အာလူး ကြော်လုပ်ငန်းရှင်များက&nbs
မော်လမြိုင်မြို့ပေါ်တွင် အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပဲတစ်တင်းဈေးနှုန်းမှာ ပဲတီစိမ်း ကျပ် ၃၅၀ဝ၀၊ ပဲလွန်း ကျပ်၂၂၀ဝ၀၊ မတ်ပဲကျပ် ၃၂၀ဝ၀၊ ဘိုကိတ် ကျပ် ၂၁၀ဝ၀၊ ပဲထောပတ် ကျပ် ၃၈၀ဝ၀ နှင့် ပဲပုပ် ကျပ် ၂၂၀ဝ၀ ရှိကြောင်းသိရှိရသည်။ ယခု နိုဝင်ဘာ ၁၃ ရက်တွင် ပဲတစ်တင်းဈေးနှုန်းမှာ ပဲတီစိမ်း ကျပ် ၃၆၂၀ဝ ၊ ပဲလွမ်း ကျပ် ၂၂၀ဝ၀ ၊ မတ်ပဲ ကျပ် ၃၄၂၀ဝ ၊ ဗိုလ်ကိတ် ကျပ် ၂၃၃၀ဝ ၊ ပဲထောပတ် ကျပ် ၃၉၆၀ဝ နှင့် ပဲပုပ်ကျပ် ၂၂၇၀ဝ ဖြစ်ပေါ်နေသည့်အတွက် လက်ကျန် နည် းပါးနေသော ပဲလွမ်းတစ်မျိုးတည်းသာ ယခင်ဈေးနှုန်း အတိုင်း ဈေးငြိမ်နေပြီး ပဲတီစိမ်းတစ်တင်း ကျပ် ၁၂၀ဝ၊ မတ်ပဲ တစ်တင်း က
သီတင်းကျွတ်လို့ မိုးလေကင်းလာတဲ့ ခုလိုအချိန်ရောက်တိုင်း ကွတ်ခိုင်တောင်တန်းတွေကို အားမာန်နဲ့တက်ပြီး မူဆယ်ကိုရောက်လာနေကြ သီးနှံကတော့ ဖရဲ၊ သခွားပဲ ဖြစ်ပါတယ်။ ဝယ်လက်တရုတ်ကလည်း သူတို့ကိုယ်တိုင် ပြည်တွင်းမှာရင်းနှီးပြီး စိုက်ပျိုးထုတ်လုပ်လာသလို မြန်မာပြည်ကထွက်သမျှ ဖရဲသီးတွေကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဈေးနှုန်းလေးတွေချိန်ဆပြီး ဝိုင်းအားပေးနေကြဆိုတော့ နှင်းတွေဝေနေတုန်း နံနက်ပိုင်းကပင် စတင်ပြီး စည်ကားလို့နေပါတယ်။ ဖရဲသခွားတွေဆိုတာကလည်း မြန်မာပြည်အနှံ့ကဆိုရလောက်အောင် ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆ