ဂျပန် JERA နှင့် အိန္ဒိယTorrent Power တို့ ပထမဆုံးရေရှည် သဘာဝဓါတ်ငွေ့အရည် (LNG) တင်ပို့မှုသဘောတူညီချက် လက်မှတ်ရေးထိုး
ဂျပန်နိုင်ငံ၏ ထိပ်တန်းဓာတ်အားပေးကုမ္ပဏီ JERA သည် အိန္ဒိယနိုင်ငံ Torrent Power နှင့် ၂၀၂၇ ခုနှစ်မှစ၍ ၁၀ နှစ်ကြာ နှစ်စဉ် သဘာဝဓါတ်ငွေ့အရည် (LNG) ကုန်တင်သင်္ဘော ၄ စင်း ပို့ဆောင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျပန်ကုမ္ပဏီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
Torrent Power အနေဖြင့် လျှပ်စစ် ၂၇၃၀ မဂ္ဂ္ဂ္ဂါဝပ် ဖြန့်ဖြူးနိုင်သည့် အိန္ဒိယရှိ ၎င်း၏ ဓာတ်အားပေးစက်ရုံများအတွက် LNG ကို အခြေခံအစားထိုးအဖြစ် အသုံးပြုသွားမည်ဖြစ်သည့်အပြင် အိမ်ထောင်စုများ၊ အသေးစားစက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့အတွက် ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် JERA အနေဖြင့် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးရေယာဉ်များကို ဂျပန်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်နည်းပါးသော လများအတွင်း အသုံးပြုသွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် မြင့်မားသော နွေရာသီလများအတွင်း Torrent Power သို့ ပေးပို့ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဈေးကွက်မတည်ငြိမ်မှုကို ကြံ့ကြံ့ခံနိုင်စေရန် JERAသည် အရှေ့အလယ်ပိုင်း၊ အာရှနှင့်အမေရိကန်နိုင်ငံတို့တွင် ခိုင်မာသော LNG ရင်းနှီးမြှုပ်နှံမှုများကို ရှေ့ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောကြားခဲ့သည်။
JERA သည် Tokyo Electric Power နှင့် Chubu Electric Power တို့၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ ရိုက်တာသတင်းဌာန
