ဥရောပသမဂ္ဂ (EU) ၏ နို့ထွက်ပစ္စည်းများအပေါ် စုံစမ်းစစ်ဆေးမှုများအား သက်တမ်းတိုးလိုက်သည့် တရုတ်နိုင်ငံ
ဥရောပသမဂ္ဂ (EU)က တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် အကောက်ခွန် ပြင်ဆင်သတ်မှတ်ခဲ့ပြီးနောက် တရုတ်ကလည်း ဥရောပသမဂ္ဂ (EU) မှ တင်သွင်းသော ဒိန်ခဲ၊ နို့နှင့် ခရင်မ် အပါအဝင် နို့ထွက်ပစ္စည်းများအား အထောက်အပံ့ပေးခဲ့ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးမှုများကို ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ နောက်ထပ် ၆ လ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ) စစ်ဆေးသွားမည်ဖြစ်ကြောင်း တရုတ် စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ပြီးခဲ့သောနှစ်အတွင်းကလည်း တရုတ်နိုင်ငံသည် အီးယူမှ တင်သွင်းသော ဘရန်ဒီ၊ နို့ထွက်ပစ္စည်းများနှင့် ဝက်သားစသည့် ကုန်စည်များအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ ဇွန်လတွင် ဝက်သားအား နောက်ထပ် ၆ လ စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လတွင် အီးယူ၏ အဓိက ထုတ်ကုန် ကောညက် (Cognac) အရက်မှလွဲ၍ အခြား ဘရန်ဒီထုတ်လုပ်သူများအား အနိမ့်ဆုံး စျေးနှုန်း သို့မဟုတ် ၎င်းထက်ပို၍ ရောင်းချသည်ဟုဆိုကာ အကောက်ခွန် ၃၄.၉ % စည်းကြပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ www.reuters.com