အမေရိကန်၏ အကောက်ခွန်အသစ်များအပေါ် ဘရာဇီးကကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ တရားစတင်စွဲဆို

 

အမေရိကန်က ဘရာဇီးကုန်စည်အားလုံးအပေါ် အကောက်ခွန် ၁၀ % နှင့် ဘရာဇီး ပင်ရင်းဒေသ ထုတ်ကုန်အချို့အပေါ် ထပ်ဆောင်းခွန် ၄၀ % ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ ဘရာဇီးက အမေရိကန်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အငြင်းပွားမှုအဖြစ် သြဂုတ် ၅ ရက်နေ့က တရားစတင်စွဲဆိုလိုက်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများသို့ ဩဂုတ်လ ၁၁ ရက်နေ့တွင် WT/DS640/1 ဖြင့် အသိပေး အကြောင်းကြားလိုက်ပြီဖြစ်ပါသည်။

ဘရာဇီး၏ စွပ်စွဲချက်တွင် အမေရိကန်သည် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအရ ဖြေရှင်းရမည့်အစား ၎င်း၏ နစ်နာမှုများကို အကောက်ခွန်နည်းလမ်းဖြင့် တန်ပြန်ဖြေရှင်းခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာအထွေထွေသဘောတူညီချက် (GATT) ၁၉၉၄ နှင့် အငြင်းပွားမှုဖြေရှင်းရေးသဘောတူညီချက် (DSU) ပါပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့် မကိုက်ညီကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေးစနစ်အရ ညှိနှိုင်းဆွေးနွေးမှုကို ဦးစွာစတင်ရန်လိုအပ်ပြီး ရက်ပေါင်း ၆၀ ညှိနှိုင်းမှုအတွင်း နှစ်က်ကျေနပ်လောက်သော အဖြေမရမှသာ တိုင်ကြားသူက ခုံအဖွဲ့တစ်ခုမှ စီရင်ဆုံးဖြတ်ရန် တောင်းဆိုကာ တရားစွဲဆိုခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ 

ရင်းမြစ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့