သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား အကောက်ခွန် မကောက်ခံရန် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် လက်မှတ်ရေးထိုး
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် လယ်ယာထွက်ကုန်၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် အကောက်ခွန်နှုန်းလျှော့ချမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ အာဖဂန်နစ္စတန်မှ တင်ပို့သော စပျစ်သီး၊ သလဲသီး၊ ပန်းသီး၊ ခရမ်းချဉ်သီးတို့နှင့် ပါကစ္စတန်မှ တင်ပို့သော သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီးနှင့် အာလူးများကို အကောက်ခွန်နှုန်းများ လျှော့ချပေးရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကုန်သည်များနှင့် စားသုံးသူများအနေဖြင့် အကောက်ခွန်နှုန်းထား ၆၀ % မှ ၂၇ % အထိ လျော့ကျသွားမည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်သည် နှစ်ဖက်အကျိုးရှိသော သဘောတူညီချက်ဖြစ်ပြီး ကုန်သွယ်မှုများ ပြန်လည်အဆင်ပြေလာခြင်း၊ လယ်သမားများ၏ ထုတ်ကုန်များကို အပြန်အလှန် စျေးကွက်များသို့ ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်ခြင်းတို့ အထောက်အကူပြုမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
လေ့လာသူများက နွေရာသီတွင် အများဆုံး ဝယ်ယူကြသည့် လတ်ဆတ်သော လယ်ယာထွက်ကုန်များ ဈေးနှုန်းကြီးမြင့်မှုမှ အဆိုပါသဘောတူညီချက်က ကာကွယ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုသဘောတူညီချက်က လမ်းကြောင်းမှန်ပေါ်ရောက်ရန် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကုန်သွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ dunyanews.tv