ကမ္ဘောဒီးယား အမျိုးသားစံချိန်စံညွှန်းကောင်စီမှ စံချိန်စံညွှန်း ၂၁ ခုကို နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီ ထပ်မံအတည်ပြုခဲ့

 

နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့ (ISO)  အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး ကမ္ဘောဒီးယား၊ အမျိုးသား စံချိန်စံညွှန်းကောင်စီ (NSC)သည် ကဏ္ဍအသီးသီးရှိ ပြည်တွင်းစံနှုန်းအသစ်များကို အာဆီယံစံချိန်စံညွှန်းများနှင့်အညီ ပြန်လည်သုံးသပ်အတည်ပြုခဲ့ပါသည်။ ကမ္ဘောဒီးယား၊ အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌနှင့် စက်မှု၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန၊ ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်၊ ပို့ကုန်တိုးမြှင့်ရန်နှင့် စားသုံးသူဘေးကင်းရန်တို့အတွက် ကမ္ဘောဒီးယား၊ အမျိုးသားစံချိန်စံညွှန်းကောင်စီသည် နောက်ထပ်စံနှုန်းများကို ဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည် NSC ၏ ၃၀ ကြိမ်မြောက် အစည်းအဝေးတွင် ရေပေးဝေရေးနှင့် မြေအောက်ရေနုတ်မြောင်းများတွင် အသုံးပြုသည့် ပလတ်စတစ်ပိုက်စနစ်များအတွက် စံနှုန်း  ခု၊ ငါးငံပြာရည်၊ ပဲငံပြာရည်နှင့် ဆန်အရက်များအတွက် စံနှုန်း  ခု၊အရည်အသွေးစီမံခန့်ခွဲမှုနှင့် စားသုံးသူစိတ်ကျေနပ်မှုအတွက် စံနှုန်း ၇ ခု၊ E - commerce နှင့် ဒီဂျစ်တယ် ငွေလွှဲပြောင်းမှုများအတွက် စံနှုန်း ၃ ခုတို့ကို ISO စံနှုန်းများအတိုင်းလည်းကောင်း၊ ရောင်ပြန်ကိရိယာများ၊ လမ်းညွှန်ကိရိယာများနှင့် တံခါးသော့ချိတ်များအတွက် စံနှုန်း ၅ ခုကို ဥရောပဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင် (United Nations Economic Commission for Europe – UNECE)  စံနှုန်းများအတိုင်း လည်းကောင်း အတည်ပြုခဲ့ပါသည်။ ယင်းသို့ဆောင်ရွက်မှုများသည် ကမ္ဘောဒီးယား၏ စက်မှုလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းနှင့် စည်းမျဉ်းမူဘောင်တို့ကို အဆင့်မြှင့်တင်ခြင်းမှ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ ပေါင်းစည်းနိုင်ရေး အားဖြည့်ရန်ဖြစ်ပါသည်။ 

NSC သည် လက်ဝတ်ရတနာများနှင့် အဖိုးတန်ကျောက်မျက်ရတနာများအတွက် နည်းပညာဆိုင်ရာ ကော်မတီအသစ်များ တည်ထောင်နိုင်ရေး၊ စမ်းသပ်စစ်ဆေးမှုစွမ်းရည် အားကောင်းစေရန် နိုင်ငံအဝှမ်း ဓာတ်ခွဲခန်းများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး ဓာတ်ခွဲခန်းများအကြား လွှဲပြောင်းရေးယန္တရား တစ်ခုထူထောင်ခြင်းဖြင့် စံချိန်စံနှုန်း ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ NSC သည် ယခု စံချိန်စံညွှန်း ၂၁ ခုအပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော ၂၉ ကြိမ်မြောက် အစည်းအဝေးတွင် စံချိန်စံညွှန်း ၃၆ ကို အတည်ပြုခဲ့သည်။ အတည်ပြု စံချိန်စံညွှန်းများကို ဝန်ကြီးဌာနဝဘ်ဆိုဒ်တွင် အများပြည်သူသိရှိရန် လွှင့်တင်ထားပါသည်။

ဝန်ကြီး Vanndy မှ စမ်းသပ်စစ်ဆေးမှုစွမ်းရည်များ မြှင့်တင်ရန် ဓာတ်ခွဲခန်းများအား အသိအမှတ်ပြုခြင်း၊ ပုဂ္ဂလိကဓာတ်ခွဲခန်းများ အပါအဝင် ဓာတ်ခွဲခန်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် အရေးကြီးကြောင်း၊ ကမ္ဘောဒီးယားသည် ယခုနှစ်တွင် ISO ၏ အပြည့်အဝ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမည်ဖြစ်ပြီး မဲပေးခွင့်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ အကျိုးအမြတ်များစွာကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-တရုတ် ကုန်သည်ကြီးများအသင်း(CCCA) ဒုတိယဥက္ကဋ္ဌ Lor Vichet က ကမ္ဘောဒီးယား၏ စီးပွားရေးလုပ်ငန်း စံချိန်စံနှုန်းများကို ဒေသတွင်းနှင့် နိုင်ငံတကာစံနှုန်းများနှင့် ချိန်ညှိရန် အရေးကြီးကြောင်း၊ စံချိန်စံညွှန်းသတ်မှတ်ရေး တွန်းအားပေးမှုသည် ကောင်းမွန်သော်လည်း ကမ္ဘောဒီးယား၏ လက်ရှိစီးပွားရေးသည် ကမ္ဘာ့စံချိန်စံနှုန်းများနှင့် ကိုက်ညီသော မူဘောင်များမရှိသည့် တရားမဝင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)သာဖြစ်ကြောင်း၊ အဆိုပါ စီးပွားရေးလုပ်ငန်းများ တရားဝင်ဖြစ်ရေး မှတ်ပုံတင်ခြင်း၊ လုံလောက်သော ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီနည်းပညာများ လိုအပ်ကြောင်း၊ ပြည်တွင်းစံနှုန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အတည်ပြုခြင်းသည် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ကမ္ဘာ့စံချိန်စံညွှန်းနှင့်အညီ စီးပွားရေးပတ်ဝန်းကျင်ကောင်းတွင် ယှဉ်ပြိုင်နိုင်ကြောင်း ကမ္ဘောဒီးယား၏ ကတိကဝတ်ကို အချက်ပြခြင်းဖြစ်ကြောင်း၊ ထို့ပြင် အစိုးရ၏ နိုင်ငံတကာစီးကြောင်းနှင့်အညီ မူဝါဒပြောင်းလဲမှုများကို ဖော်ပြပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရင်းမြစ်။        https://www.khmertimeskh.com/