အမေရိကန်သမ္မတသစ်၏ အခွန်တိုးမြှင့်ကောက်ခံမှုများကြောင့် တစ်နှစ်ကျော်ကြာ ကျဆင်းနေသည့် ဒေါ်လာဈေးတက်

 

ထရမ့်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ကနေဒါနှင့် မက္ကဆီကိုတို့မှ သွင်းကုန်များအပေါ် အကောက်ခွန် ၂၅% နှင့် တရုတ်သွင်းကုန်များအပေါ် ၁၀% တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သတိပေးထားရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာတန်ဖိုးသည် ကမ္ဘာ့အဓိကအခြားငွေကြေးများဖြစ်သော ယူရို၊ ဆွစ်ဖရန့်၊ စတာ လင်ပေါင်၊ ကနေဒါဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ နယူးဇီလန်ဒေါ်လာ၊ မက္ကဆီကို ပီဆို၊ တရုတ်ယွမ် တို့ထက် တန်ဖိုးမြင့်တက်သွားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ထရမ့်၏အခွန်ကောက်ခံမှုအပေါ် ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံများဖြစ်သော ကနေဒါနှင့် မက္ကဆီကိုတို့မှ တန်ပြန်အစီအမံများကို ချက်ချင်းချမှတ်ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံမှလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ဆောင်ရွက်မှုများသည် ကမ္ဘာ့ကုန်သွယ်မှု ကျဆင်းနိုင်ကြောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ ၇.၃၇၆၅ မှ လက်ရှိတွင် ၇.၃၄၆၂ ဖြစ်လာသဖြင့် ဒေါ်လာဈေး ၀.၀၄% တက်ခဲ့ကြောင်း၊ ရေရှည်တွင်တိုးတက်မှုအားနည်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာမည့် Stagflation ဖြစ်လာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း၊ အမေရိကန်တဦးကျစားသုံးမှု ကုန်ကျစရိတ်ညွှန်းကိန်းသည် ပြီးခဲ့သည့်လကထက် ၀.၃% တိုးတက်ခဲ့ပြီး Bitcoin သည် သီတင်း ၃ ပတ် အတွင်း အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ကြောင်း သတင်းဌာနက ဖော်ပြထားသည်။

ရင်းမြစ်။      ရိုက်တာသတင်းဌာန