လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ်  GAC  Toyota BZ4X အမျိုးအစား  လျှပ်စစ်သုံးမော်တော်ယာဉ်များ၊  Grand Sirius Co.,Ltd. မှ  တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Earth Renewable Energy  Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD E2 အမျိုးအစား  လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့်  G-Energy  Plus  Myanmar  Co.,Ltd.  မှ  တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA  အမျိုးအစားလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။