စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဇွန် ၁၁

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှစ၍ သက်သာ သော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်‌နေ့တွင် ကြက်သား(အကောင်) ၅၀ ကောင် ၊ ကြက်ဥ ၃၉၀၀ လုံး၊ ဘဲဥ ၃၀၀ လုံး၊ ငုံးဥ ၁၀၀၀ လုံး တို့ကို သက်သာသော ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။