စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသားများကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၂၀

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသားများအား ဈေးကားများဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့်ပြည်သူများသို့ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် အမဲသား(အသား)၁၁၀ ပိဿာ၊ အမဲသား(အရိုးအသား) ၂၀၀ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်းနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။