စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲ၊ ဆိတ်၊ ကြက်၊ ဝက်သားများအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၁၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲ၊ ဆိတ်၊ ကြက်၊ ဝက်သားများအား ဈေးကားများဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် အမဲသား ၂၅၀ ပိဿာ၊ ဆိတ်သား ၁၀၀ ပိဿာ၊ ကြက်သား ၂၅၀ ပိဿာ (အကောင်လိုက်အမွှေးနှုတ်အူဖယ်ပြီး)၊ ဝက်သား ၁၅၀ ပိဿာတို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချခဲ့ကြောင်းနှင့် အပတ်စဉ် တနင်္လာ နေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။