စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၄၉ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၁၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူ များသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေလ ၁၉ ရက်နေ့တွင် ၄၉ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဝန်ထမ်းများ နှင့်ပြည်သူများသို့ ဆန် ၆ ပြည်ပါ(မနောသုခ- Export Quality) ၅၂ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂ အိတ်၊ ဆီ ၁၅၄၀ ပိဿာ၊ ဆား ၁၀ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၅၀ ထုပ်၊ ငါးပိ ၂ ပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၂၃ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၉ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၂၁ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သားပါ ၁၈ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ ကြက်ဥ ၄၈၀ လုံး၊ ဘဲဥ ၇၀ လုံး၊ ခေါက်ဆွဲခြောက် ၁၂ ထုပ်တို့ကို ရောင်းချ ပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် အမဲသား ၂၅၀ ပိဿာ၊ ဆိတ်သား ၁၀၀ ပိဿာ၊ ကြက်သား ၂၅၀ ပိဿာ (အကောင်လိုက်အမွှေးနှုတ်အူဖယ်ပြီး)၊ ဝက်သား ၁၅၀ ပိဿာ တို့အားသက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခဲ့ကြောင်းနှင့်အပတ်စဉ်တနင်္လာနေ့တိုင်းလှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ မန္တလေးမြို့ တွင် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၂၀ အိတ်၊ စားအုန်းဆီ ၂၂၀၀ ပိဿာ၊ ဆား ၁ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါ ၄ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၁ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၂ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၂ ထုပ်၊ ကြက်ဥ ၂၅၁၀ လုံး၊ ဘဲဥ ၆၀၀ လုံးနှင့် ခေါက်ဆွဲခြောက် ၄၅ ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။