စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ဈေးကားဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လေးဆယ့်ခြောက်ရက်နေ့မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၁၆

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေလ ၁၆ ရက်နေ့တွင် လေးဆယ့်ခြောက်ရက်နေ့မြောက်အဖြစ် ဈေးကား များဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၆၈ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၅ အိတ်၊ ဆီ ၁၇၆၀ ပိဿာ၊ ဆား ၁၂.၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၇၅ ထုပ်၊ ငါးပိ ၃ ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သား ၃၀ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား ၂၂ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၂၅ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၂၈ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သား  ၂၀ ထုပ်၊ ကြက်ဥ ၆၀၀ လုံး၊ ဘဲဥ ၇၅ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

          ထို့အတူ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

          ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်း များနှင့် ပြည်သူများသို့ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက် နေ့တွင် ငါးကြင်း ၅၅ ပိဿာ၊ ငါးတန် ၄၀ ပိဿာနှင့် ငါးမုတ် ၃၅ ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး အပတ်စဉ် သောကြာနေ့တိုင်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အလားတူ မန္တလေးမြို့တွင် ဈေးကား (၄) စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်းဆီ ၂၂၀၀ ပိဿာ၊ ဆား ၅၀ ကျပ်သားပါ ၁ ထုပ်၊ ကုလားပဲ ၂၅ ကျပ်သားပါ ၃ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၂ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၃ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၄ ထုပ်၊ ကြက်ဥ ၂၂၅၀ လုံး၊ ဘဲဥ ၆၇၀ လုံးနှင့် ခေါက်ဆွဲခြောက် ၂၀ ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။