စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၉

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင် ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် နေပြည်တော်အတွင်း ဈေးကား (၁) စီးဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသို့ ငါးကြင်း ၆၅ ပိဿာ၊ ငါးတန် ၅၅ ပိဿာ၊ ငါးမုတ် ၄၅ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်သောကြာနေ့တိုင်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။