စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် သုံးဆယ့်ရှစ်ရက်နေ့မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၇

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက် များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့မေလ ၇ ရက်နေ့တွင် သုံးဆယ့်ရှစ်ရက် နေ့မြောက်အဖြစ် ဈေးကား ၉ စီးဖြင့် လှည့်လည် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ‌နေပြည်တော်ဘူတာကြီး၊ စက်ခေါင်း အလုပ်ရုံဌာန၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ကြေးမုံသတင်းစာတိုက်၊ မြန်မာ့အလင်း သတင်းစာတိုက်။ အကျဉ်းဦးစီးဌာန(နေပြည်တော်)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(တိုင်းရုံး)၊ အထူးရဲတပ်ဖွဲ့ရုံး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၁၀၄၉၁ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၄၆၃ အိတ်၊ ဆီ ၄၁၆၅၀ ပိဿာ၊ ဆား ၁၅၆၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၅၈၄၉ ထုပ်၊ ငါးပိ ၃၂၂ ပိဿာ၊ အမဲသား ၃၂၅ ပိဿာ၊ ဆိတ်သား ၁၀၀ ပိဿာ၊ ကြက်သား(အမွှေးနှုတ်ပြီး) ၄၅၀ ကောင်၊ ဝက်သား ၁၂၀ ပိဿာ၊ ကြက်ဥ ၁၉၅၄၀ လုံး၊ ဘဲဥ ၇၃၉၅ လုံး၊ ငုံးဥ ၂၀၀၀ လုံး၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲခြောက် များ၊ ငါးကြင်း ၉၀ ပိဿာ၊ ငါးတန် ၉၀ ပိဿာ၊ ငါးမုတ် ၇၀ ပိဿာ၊ ငါးမြစ်ချင်း ၁၀၀ ပိဿာ ခေါက်ဆွဲခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့်မုန်ညင်းဖြူစသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ထို့အတူ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပါသည်။ 

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက် ၁၆ မျိုးနှင့် ပန်းမျိုးစုံတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကား (၈)စီးဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်မှုဖြင့် ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား၊ဝက်သားတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကား (၁)စီးဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပါသည်။

အလားတူ စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၃၂၆ အိတ်၊ စားအုန်းဆီ ၅၀၈၈ ပိဿာ၊ ဆား ၉၀ ပိဿာ၊ ကုလားပဲ (၂၀) ကျပ် သားပါ ၄၃၂ ဘူး၊ ငါးပိ ၂၉ ပိဿာ၊ ကြက်သွန်နီ ၅၉၁ ပိဿာ၊ အသားတု ၃၂ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေး မြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၆၉၄ အိတ်၊ စားအုန်းဆီ ၇၀၄၀၀  ပိဿာ၊ ဆား ၅၈ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၉၉ ထုပ်၊ ငါးပိ ၂၃ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ် များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။