ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ လစာငွေ သို့မဟုတ် အခြားဝင်ငွေကို ဘဏ်လမ်းကြောင်းမှ လွှဲပို့ငွေ၏ ၅% ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် / လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်ကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် တင်သွင်းခွင့်ပြုခြင်း
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁ ရက်
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန် ရည်ရွယ်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်လျက် ရှိကြသည့် မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းရန်အတွက် “ပုံမှန်လစာရရှိ သူများ(သင်္ဘောသားများအပါအဝင်)နှင့် အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅% တန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံး မော်တော်ယာဉ် / လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း” ဖြင့် ခွင့်ပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ် ယောက်ချင်းတင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အသိပေးကြေညာချက်ဖြင့် ထုတ်ပြန်ထားရှိကြောင်း သိရှိရပါသည်။
အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် / လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှစတင် ရေတွက်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၈၄၃၃ နှင့် Email - dottraining2008@ gmail.com များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိသည်။