လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Golden Octopus Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Wuling Bingo မျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIQAR eQ7 မျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Premier Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Geely Geometry C မျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Zeekr X မျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services  Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC Arcfox αT5 မျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ T & Z Finance  Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် GAC Toyota bZ4X မျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Dagon Arr Mahn Thit  Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် SAIC Maxus MIFA5 မျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် တရုတ်နိုင်ငံထုတ် SAIC Maxus MIFA6 မျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၄-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။