ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁ / ၂၀၂၅ ကျင်းပ

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Commi- ttee- DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ ၁၃:၃၀ နာရီတွင် ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၁၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ပေါင်းစပ် ညှိနှိုင်းမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ- ၂၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလူမွန်တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

          ဦးစွာ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၁၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital  Economy Roadmap 2030) ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများက ပွင့်လင်းစွာ ဆွေးနွေးအကြံပြုပေးစေလိုကြောင်း၊ ပေါင်းစပ်ညှိ နှိုင်းမှုလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အသီးသီးက တာဝန်ရှိသူများလည်း ပါဝင် သည့်အတွက် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ အခြားအကြံပြုလိုသည်များကိုလည်း ဆွေးနွေးအကြံပြုပေးစေလို ကြောင်းနှင့် မိမိတို့နိုင်ငံ၏ ဒီဂျစ်တယ်စီးပွား‌ရေးကို အကျိုးပြုနိုင်ရန်အတွက် ရည်မှန်းထားသည့်် ကာလအတွင်း မျှော်မှန်းထားသည့် ရလဒ်ကောင်းများပေါ်ထွက်လာအောင် ကော်မတီအဖွဲ့ဝင်များ အနေနှင့် တက်ကြွ‌သောဦး‌ဆောင်မှုအခန်းကဏ္ဍမှ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

          ဆက်လက်၍ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၂၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလူမွန်က ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို နိုင်ငံ တော်၏ လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်မှုစသည့် ကဏ္ဍအားလုံးတွင် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် စီးပွားရေးတိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ပါ ကြောင်း၊ အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် လမ်းပြမြေပုံပါလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များအနေဖြင့် ကော်မတီ အလိုက် ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များ၊ အခက်အခဲများ၊ အကြံပြုချက်များကို ရှင်းလင်းစွာ တင်ပြပေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စိတ်ပါဝင်စားစွာ ဆွေးနွေး ပေးကြရန် ပြောကြားခဲ့သည်။

          ယင်းနောက် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်း ကော်မတီမှ ကော်မတီအဖွဲ့ဝင်များက ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းများအား ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ပါသည်။ 

          ထိုနောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော် မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ် ကြားထားသည့် ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ဝင်ပညာရှင်များနှင့် တာဝန်ရှိသူများက ဒီဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ- ၁၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၂ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးလူမွန်တို့က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။