အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပ
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန် မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဝန်ကြီးဌာန(၃)၊ ဒုတိယဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌများ၊သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူ (၆၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကဏ္ဍ အလိုက် လုပ်ငန်းစီမံချက် (Plan of Action) များကို အကောင်အထည်ဖော်ရာမှာ ရေတို အကျိုးရလဒ် (Quick Win)ရရှိမည့် လုပ်ငန်းစဥ်များကို ရွေးချယ်ပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထားမှုများကို ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅) ကာလပြီးစီးသွားပါက ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းစီမံချက်များအပေါ် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိသော ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံချက်များကို ဖော်ထုတ်ထားကြရန်လိုအပ်ပါကြောင်းနှင့် လုပ်ငန်းစီမံချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ကို ရေးဆွဲရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃.၀၀ ဘီလီယံ သတ်မှတ်လျာထားရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့အထိ စာရင်းများအရ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅.၇၉၃ ဘီလီယံဖြင့် ၇၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးပြီဖြစ်၍ သတ်မှတ် လျာထားချက်များကို အတတ်နိုင်ဆုံး ပြည့်မီအောင်ဆောင်ရွက်နိုင်ရန်နှင့် ပို့ကုန်နှစ်ဆတိုးမြှင့် နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များ က အမြဲထိတွေ့ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းစီမံချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သင့်သည်များကို ဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) က ဖြည့်စွက်ဆွေးနွေးပြောကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။