မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၂/၂၀၂၅ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြား

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ အစည်းအဝေး  /၂၀၂၅ ကို ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

           အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနည်းဥပဒေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်၍ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ နည်းဥပဒေ ၁၀ အရ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အစည်းအဝေး (၁/၂၀၂၅) တွင် ဆုံးဖြတ်ချက် ၈ ခုအား ချမှတ်နိုင်ခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၁/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးတွင်မှတ်တမ်းတင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများအတွက် ဆုံးဖြတ်ခြင်းများအပေါ် အယူခံမှုများကို လက်ခံဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် အဖွဲ့ဝင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေးများကို နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပုံမှန်ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊ အေဂျင်စီ၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အကြံပြုချက်များ တင်ပြ ဆွေးနွေးပေးရန်လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အယူခံစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်နှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့် (သို့မဟုတ်) ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများနှင့် စပ် လျဉ်းသည့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်တို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်(SOP)များအား  အေဂျင်စီ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အေဂျင်စီအနေဖြင့် ဥပဒေ၊ နည်းဥပဒေပါ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီက တာဝန်ပေးအပ်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း  ပြောကြားခဲ့ပါသည်။

           ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၂:၀၀ နာရီတွင် ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။