“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် စီးပွားရေး သံမှူး တာဝန်ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးတင်ပြခြင်း ” ခေါင်းစဉ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ -၂ ၌ Knowledge Sharing ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးလျန်ရှန်းမုန် က “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် စီးပွားရေးသံမှူးတာဝန် ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် စီးပွားရေးသံမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများ အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။
၃။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် က နိဂုံးချုပ် လမ်းညွှန် အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးတင်ပြသော လက်ထောက် ညွှန်ကြားရေးမှူး ဦးလျန်ရှန်းမုန် အား ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ခဲ့ပါသည်။
၄။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း (၈၁) ဦး၊ အမှုထမ်း (၆၀) ဦး ၊ စုစုပေါင်း (၁၄၁) ဦး တို့ တက်ရောက်ခဲ့ပါသည်။
