“၂၀၂၅ ခုနှစ် အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံ”သို့ တက်ရောက်ခြင်း
၁။ “၂၀၂၅ ခုနှစ် အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံ”ကို စင်္ကာပူနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။ ညီလာခံ၏ အဖွင့်ဆွေးနွေးပွဲဖြစ်သည့် ASEAN Enforcers Roundtable စကားဝိုင်းဆွေးနွေးပွဲတွင် အာဆီံယံ၏ ယှဉ်ပြိုင်မှုဥပဒေအား စစ်ဆေးဆောင်ရွက်သူများစုပေါင်း၍ စွမ်းဆောင်ရည် တည်ဆောက်ရေး၊ အဓိကစီးပွားရေးလုပ်ဆောင်မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုကွာခြားချက်များ၊ နိုင်ငံအလိုက် အရေးကြီးမူဝါဒထိန်းကျောင်းသူများ၊ ယှဉ်ပြိုင်မှုဥပဒေအကောင်ထည်ဖော်မှုများ၊ အဓိက အာရုံထားသောဈေးကွက်များနှင့် လတ်တလောဖြစ်ပွားခဲ့သောအမှုကိစ္စများကို အပြန်အလှန် ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ၃။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သုတအောင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
