ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းနှင့် ကုန်သွယ်မှုနှင့် ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှုသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်လှစ်ခဲ့သည့် သတင်း
ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းနှင့်
ကုန်သွယ်မှုနှင့် ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှုသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်လှစ်ခဲ့သည့် သတင်း
၁။ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၅) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့်စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှုသင်တန်း အမှတ်စဉ် (၂/၂၀၂၅) တို့ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။
၂။ အဆိုပါ သင်တန်းကို ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်၍ နေ့စဉ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများ ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
၃။ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ကို သင်တန်းသား (၇၈) ဦးနှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာ အသုံးပြုမှုသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ကို သင်တန်းသား (၁၅) ဦး တို့တက်ရောက်ခဲ့ပါသည်။
