လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၅) (သတင်းအပြည့်အစုံ)
လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၅)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ဥပဒေဆိုင်ရာအသိပညာများရရှိပြီး ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန် တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်း (၆) ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း (၄၁) ဦး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်း (၁၅) ဦး၊ စုစုပေါင်း အရာထမ်း (၆၂) ဦး တက်ရောက်မည်ဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနမှ ကျင့်သုံးနေသည့် ဥပဒေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သည့် ဌာနမှ အရာထမ်းများက ဆွေးနွေးပို့ချပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်နေ့မှ စ၍ (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။