လျှောက်လွှာလက်ခံဌာနများရှိ ဝန်ထမ်းများအတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းလုပ်ငန်းစဉ်များဆိုင်ရာသင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်လ ၂၆
    လျှောက်လွှာလက်ခံဌာနများရှိ ဝန်ထမ်းများအတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်း လုပ်ငန်းစဉ်များဆိုင်ရာသင်တန်းကို၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။
    အဆိုပါသင်တန်းကို လျှောက်လွှာလက်ခံဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ နားလည် ကျွမ်းကျင်၍ လျင်မြန်စွာဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားချက်များ၊ နောက်ဆက်တွဲလျှောက်လွှာများ လက်ခံခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ပို့ချခဲ့သည်။ အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော်(ရုံးချုပ်)၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး)နှင့် အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)မှ လျှောက်လွှာလက်ခံဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၉) ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။