အခြေခံကွန်ပျူတာအသုံးပြုမှုသင်တန်း

အခြေခံကွန်ပျူတာအသုံးပြုမှုသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ အခြေခံကွန်ပျူတာ အသုံး ပြုမှုသင်တန်းအား ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ(၂၅) ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး စက်တင်ဘာလ (၅)ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန၊ Multimedia ခန်းမ၌ သင်ကြားပို့ချမည်ဖြစ်ပါသည်။

၃။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ဝန်ထမ်းသင်တန်းသား (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် သတင်းအချက်အလက် နည်းပညာဌာနခွဲမှ သင်တန်းနည်းပြများက ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။